Part (1)

17.3K 268 2
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (1)

ရိုးမယ် လှေကားထစ်တစ်ထစ်ချင်းစီတိုင်းကို ပေါ့ပါးသွက်လက်မှု မရှိတဲ့ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း တက်လာခဲ့မိသည်.. ။

ရိုးမယ်က ခေါင်းလည်းမော်ကြည့်နေခြင်း အလျဉ်းမရှိဘဲ အမြဲ ခေါင်းငိုက်စိုက်အနေထားနဲ့.. သွားလာနေတတ်သူ ပီပီ အခုလည်း ခေါင်းငိုက်စိုက်အနေထားနဲ့ပဲ ဖိနပ်ကို ရှပ်တိုက်ကာ လမ်းလျှောက်နေတာ.. ။

ရိုးမယ် နေတဲ့တိုက်ခန်းအထပ်ဆီ ရောက်တော့ ကိုယ့်အခန်းတံခါးဝကိုယ်စီမှာ ခေါင်းပြူ တစ်ပြူ တစ်တွေနဲ့ .. စူးစမ်းစပ်စုလိုမှုအပြည့်အိုင်လျှံနေတဲ့ မျက်လုံးတွေက ရိုးမယ်တို့အခန်းမှာ စိတ်ဝင်တစား.. ထင်ထင်ရှားရှား ကြည့်နေတဲ့သူကကြည့်.. မသိမသာလေးနဲ့ ချောင်းကြည့်လို့ချောင်းကြည့် ၊ အခန်းဝရှေ့လည်း သို့လောသို့လောနဲ့ ယောင်ခြောက်ဆယ်လုပ်နေကြတဲ့သူကလုပ်နဲ့..

ဒီမြင်ကွင်းကြီးကို စိတ်ညစ်ညူ းစွာနဲ့ ရိုးမယ်အကုန်စိုက်ကြည့်ငေးနေလိုက်သည်.. ။

ဒီလိုနေ့ရက်တွေကို စိတ်ကုန်နေပေမယ့် အမြဲရောက်ရောက်လာတတ်ပြန်တာပဲလေ.. ရိုးမယ်အတွက် အနေထားအခြေနေတွေက ရိုးအီနေပေမယ့် အမြဲစိတ်ညစ်ညူ းနေရတာ အမြဲကြုံဆုံတွေ့မြင် နေရပေမယ့် အခုထိ ကျင့်သားမရသေးတာလည်း ရိုးမယ်ဘွဲ့ဆိုတဲ့ ကျွန်မသာ.. ။

" ဟူး... "

ရိုးမယ် တိတ်တခိုးလေး သက်ပြင်းမောလေး ခိုးချကာ အားလုံးကို မျက်ကွယ်ပြုရင်း ရိုးမယ်နေတဲ့ တိုက်ခန်းရှေ့ဆီ တစ်လှမ်းချင်း တိုးကပ်လာလိုက်သည်.. ။

" ချွမ်.. ဒုန်း ဒုန်း ခလွမ်း ခလွမ်း.. "

ရိုးမယ် တံခါးဘုလေးလှည့်ပြီး တံခါးဟနေတုန်းရှိသေး ကျယ်လောင်နေတဲ့ အသံမျိုးစုံကြားနေရသည်..

ပန်းကန်အိုးခွက်တွေ သောင်းပြန်းလှန်လှောခွဲနေတဲ့ အသံတွေကြားရတာက ဘယ်လောက် ပြင်းထန်နေကြလဲ တွေးကြည့်နေစရာတောင် မလို.. ။

ပြီးတော့ လှိုက်ထွက်လာတဲ့ အော်ဟစ်ဆဲဆိုနေကြတဲ့ စကားလုံးတွေက နားထဲအပြည့်ပြေးဝင်လာတာက ကြမ်းတမ်းရမ်းတမ်းစွာ.. ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now