Part (5)

3K 103 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (5)

" ရှင်အခု ဟိုတစ်ယောက်ကို သွားတွေ့ပြီးပြန်လာတာမလား.. "

ဦးစည်သူနိုင် အိမ်ထဲခြေချတာနဲ့ ဒေါ်ကောင်းမျိုးမြင့် အိမ်ဝနားမှာ အမေးတစ်ခွန်းနဲ့ကြိုဆိုနေပြီ..

အခုညနေခဏတွေ့ကြတာကို ဘယ်ကနေဘယ်လို သီတင်း ရသွားတာလဲ.. ။

ဦးစည်သူနိုင် မျက်ခုံးတစ်ချက်ပင့်မြှောက်ကာ ဇနီးဖြစ်သူကို စိုက်ကြည့်လိုက်သည်..

" မင်းက ဘယ်လိုသိတာလဲ.. "

" ကျွန်မ ဘယ်လိုသိသိပါ ရှင်တို့တွေ့ကြတာ မှန်တာပဲ မဟုတ်လား.. "

" မင်း ငါ့နောက်လူလွှတ်ထားတာလား.. "

အမေက သူမခေါ်မချင်း သား အခန်းထဲမှာပဲ နေနေပါလို့ ပြောထားပေမယ့် ကောင်းရန်နိုင်ရှင်း အရဲစွန့်ကာ အခန်းထဲကနေ ထွက်ခဲ့လိုက်သည်..

အပြင်ထွက်လာတာ အမေသိရင် ဆူခံရမှာ စိုးလို့ ခြေကိုဖွဖွနင်းလျှောက်ပြီး လှေကားထစ်တွေတစ်ထစ်ချင်း နင်းချမိသည်..

အောက်ခြေနားနီးကပ်လာလေ အဖေနဲ့အမေ ရဲ့ စကားသံတွေ ပီပီသသကြားနေရလေ.. ။

" ရှင့်နောက်ကို လူလွှတ်ထည့်ရလောက်အောင် ကျွန်မငွေမပေါသေးဘူး ကိုစည်သူနိုင်.. ရှင်ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဘေးပတ်ဝန်းကျင်က မျက်လုံး တွေက စက္ကန့်မလပ်ကြည့်နေကြမယ်ဆိုတာ ရှင်မသိဘူးလား.. "

သိလိုက်ပါပြီ.. ကိုယ်နဲ့ဟန်နီ နှစ်ယောက် တွဲပြီး တစ်ယောက်ယောက် က မြင်တွေ့လိုက်ပြန်ပြီ ဆိုတာ ။

အဲ့ဒါကြောင့် ကောင်းမျိုးမြင့်သိသွားတာပေါ့..

တောက်.. ဘယ်သူတွေ အားအားယားယား ပါးစပ် အာချောင်သွားကြမှန်း မသိဘူး ။

" ခဏလေးပဲ တွေ့ကြတာပါကွာ.. "

" ရှင်သူ့ကို မတွေ့ရဘဲမနေနိုင်တော့လောက်အောင် ဖြစ်နေပြီလား ကိုစည်သူနိုင်.. ဟမ် ကျွန်မကိုပြောပါအုံး ဒီအသက်ရွယ်ထိထိန်းထားခဲ့တဲ့ ရှင့်ဂုဏ်သိက္ခာ တွေကို ဒီလိုနည်းနဲ့ ဖျက်ဆီးခံလိုက်တော့မှာလား.. ရှင်က လူပျိုလူလွတ်တစ်ယောက် မဟုတ်တော့ဘူး သားနဲ့မယားနဲ့ရှင့် ရှင်တစ်ခုခုလုပ်မယ်ကြံတိုင်း ကျွန်မမျက်နှာပြေးမမြင်ရင်တောင် သားလေးရဲ့မျက်နှာကိုတော့ မြင်ပေးပါ သားလေးကို ငဲ့ကွက်ပေးပါ သူ့အဖေက မိန်းမပျက်တစ်ယောက်နဲ့ ခြေရှုပ်နေတာ သိသွားရင် သားဘယ်လိုခံစားရမလဲ.. "

အနက်ရောင် ကောင်းကင် (Unicode) Tempat cerita menjadi hidup. Temukan sekarang