အနက်ရောင် ကောင်းကင်
🌸pann
Part (3)
ရိုးမယ် အမေနဲ့အဆင်မပြေဖြစ်လိုက် ပြန်အဆင်ပြေလိုက်နဲ့ နေ့ရက်တိုင်း လတိုင်းဖြတ်ကျော်လာခဲ့ရသည်.. ။
အမေကလည်း ရိုးမယ်မကြိုက်တဲ့ အလုပ်ကို လုပ်နေဆဲပါ.. ယောကျာ်းကြီးတွေနဲ့ တွေ့ဆုံနေတုန်းပဲ ၊ လက်ဆောင်တွေ လက်ခံသိမ်းယူနေတုန်းပဲ ၊ ပေးသမျှတွေ မငြင်းဘဲ ခေါင်းညိတ်လက်ကမ်းကြိုဆိုနေဆဲပဲ.. ။
အိမ်ကို မိန်းမကြီးငယ်မရွေး လာပြီးသောင်းကျန်းနေဆဲပဲ.. အမေ သူများရိုက်သမျှ ခေါင်းငုံု့ပြီး ငြိမ်ခံနေဆဲပဲ.. ။
အမေနဲ့ရိုးမယ် ငြင်းခုံလိုက် ပြန်အဆင်ပြေလိုက်နဲ့ သံသရာ လည်မြဲလည်ပတ်နေဆဲပဲ..
အရာရာဟာ ဒီပုံစံအတိုင်းလည်ပတ်နေရာကနေ အမေနဲ့ရိုးမယ်ကြား ပါးလွှာတဲ့မျဉ်းတစ်ကြောင်း ခြားခံလိုက်ရမယ် ဆိုတာ ဘယ်သူကြိုတင်သိနိုင်မည်မလဲနော်..
ရိုးမယ် စတုတ္ထတန်း နှစ်ဝက်လောက်မှာ ရလာတဲ့ ကံကြမ္မာရဲ့ ကျီစယ်နောက်ပြောင်မှုကြီး တစ်ခု.. ။
အဲ့နေ့က ကျောင်းမှာ HIV AIDS သင်ခန်းစာ ပို့ချတဲ့နေ့ရက်ကြီး.. နောက်ထပ်တိတိကျကျ ပြောရရင် ရိုးမယ်ဘဝ ပိုမှောင်မိုက်ကျသွားတဲ့နေ့ ၊ ရိုးမယ်နဲ့အမေ ကြား ဆက်ဆံရေး အေးစက်သွားရတဲ့နေ့.. ။
စဖြစ်ပုံက..
" တနင်္လာနေ့ က မြွေကိုက်ရင် ဘယ်လိုလုပ်ရမယ်.. မြွေမကိုက်အောင် ဘယ်လိုကြိုကာကွယ်ရမယ်ဆိုတာ ဆရာမ သင်ပြထားပြီးပြီနော် မှတ်မိကြလား "
" မှတ်မိပါတယ် ဆရာမ.. "
အတန်းဖော်တွေက ဆရာမကြားအောင် အသံကျယ်ကျယ်နဲ့ အော်ပြီးပြန်ဖြေကြပေမယ့် ရိုးမယ်ကတော့ နောက်ဆုံး ထောင့်ဆုံးနေရာကနေ ခေါင်းလေးငုံ့ထားရင်း တီးတိုး လေးလိုက်ဖြေမိသည်.. ။
" ဒါဆို ဒီနေ့ ဆရာမက HIV နဲ့ AIDS အကြောင်း ပြောမယ်.. နောက်အပတ်ထဲ ကျောင်းစစ်ဆေးရေးလာမှာ အဲ့ချိန်ကျ ဆရာကြီး ဆရာမကြီးတွေက အခန်းထဲ ဝင်ပြီးမေးမှာ သေချာပြန်ဖြေပေးရမယ်နော်.. ညီညီညာညာနဲ့ မှန်မှန်လေးဖြေ ဆရာကြီး ဆရာမကြီးတွေက မေးလို့ မဖြေနိုင်ဘဲ ခွေးအကြီးလှည်းနင်းခံရသလို ဖြစ်နေတာ ကြားရင် ဆရာမက ဆရာကြီးတို့ပြန်တာနဲ့ မင်းတို့ကို ရိုက်မှာနော်.. "
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...