Part (31)

2.6K 87 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (31)

" ငါ့ကို ဘယ်ခေါ်လာတာလဲ.. ငါမလိုက်ဘူး လွှတ် "

သဉ္ဇာ့လက်နှစ်ဖက်လုံးကို ဖမ်းဆုပ်ကိုင်ပြီးခြံတစ်ခြံထဲကိုဝင်နေတာ.. ။

စိတ်ထဲမှာထူးဆန်းပြီး ကြောက်စိတ်စိုးရိမ်စိတ် ပူပန်မိတဲ့စိတ်တွေက အလိုလို ကိန်းအောင်းဝင်လာတာ ။

ဟင့်အင်း.. သူတို့နဲ့လိုက်လို့မရဘူး သဉ္ဇာ ထွက်ပြေးမှရမယ် ။

" ငါမလိုက်ဘူး.. လွှတ် ငါအိမ်ပြန်ရမယ် "

ပါးစပ်က မလိုက်ချင်လို့အကြိမ်ကြိမ်ငြင်းလွှတ်နေမိရင်း သူတို့လက်တွေကနေ လွတ်ထွက်အောင် ရှိသမျှအားတွေအကုန်ထုတ်ပြီး ရုန်းနေမိသည်.. ။

" ဟျောင့်တွေ.. မလွတ်သွားစေနဲ့နော် "

" အေးပါကွာ မင်းသာမြန်မြန်တံခါးဖွင့်.. "

မင်းထက်ကျော်က ခြံထဲမှာရှိတဲ့ အိမ်တံခါးကိုသော့ဖွင့်နေပြီ ။

သဉ္ဇာ့ခေါင်းထဲမှာ မိုးခြိမ်းသံတွေ လျှပ်စီးလျှပ်တွေ မြင်နေ ကြားနေရလိုက်သလို စိတ်ထဲမှာလည်း ဒိန်းဂျားဒိန်းဂျားလို့ သတိပေးနေသံလည်းကြားမိပါသည်.. ။

" နင်တို့ငါ့လက်ကိုလွှတ်.. ငါပြန်ရမယ် "

ပြန်လှည့်ပြီးပြေးချင်မိတဲ့စိတ်တွေက တဖွားဖွားပေါ်လာတာ.. ဒီလိုအခြေနေဆန်းကြီးမှာ ခံစားချက်တွေကလည်း မကောင်းနေ ။

အတော်ထိတ်လန့်ကြောက်ရွံ့နေရလွန်းလို့ ခြေတွေတောင် မခိုင်တော့တဲ့ အနေထားထိဖြစ်လာတာ.. ။

တစ်ကိုယ်လုံး ဓာတ်လိုက်ခံလိုက်ရသလို တုန်တုန်ချိချိလေး နဲ့အားအင်တွေတောင်လျော့ကျသွားတော့မလိုပါ.. ။

မဖြစ်ဘူး.. ငါ ငါ စိတ်လျှော့လိုက်လို့ မဖြစ်ဘူး ။

" လာခဲ့.. "

" ဟင့်အင်း.. မလိုက်ဘူး မလိုက်ဘူး "

သဉ္ဇာ အားကုန်ထုတ်ပြီး အနောက်ကိုပဲကိုယ်ကိုယိုင်ထားကာ ရှေ့ကိုတစ်လှမ်းတောင် မတိုးရွှေ့ဖို့အရေး ခြေသည်းတွေကျွတ်ထွက်မတတ် ကုပ်ထားမိသည်.. ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now