Part (44)

3K 96 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (44)

ရိုးမယ်တစ်ယောက် အလုပ်တွေ ရှုပ်နေတာ..။

ဘေးပတ်ဝန်းကျင် က လူတွေ ရိုးမယ်ပြောင်းလာတာနဲ့ စူးစူးစမ်းစမ်းလာကြည့်ကြပါတယ်.. ရိုးမယ်ကတော့ ဘယ်သူနဲ့မှအဆက်ဆံမလုပ်ပါ။

မာနကြီးတယ်ပြောပြော.. ဆက်ဆံရေးကြဲတယ်ပြောပြော ရိုးမယ်ဂရုမစိုက်နေ ။

ဒီအိမ်လာနေတယ်ဆိုတာက အမေ့ငယ်ဘဝဖြတ်ကျော်ခဲ့တဲ့ပတ်ဝန်းကျင် သိချင်ရုံလောက်သက်သက်သာ.. ဒီပတ်ဝန်းကျင်ကလူတွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်လို့မဟုတ် ။

ရိုးမယ် စိတ်ရောလူရော အလုပ်ပေးတဲ့သဘောအနေနဲ့ ခြံထဲမှာသစ်ခွမျိုးတွေ စိုက်ကြည့်ဖို့ကြီးကြီးကအကြံပေးသည်နဲ့ ရိုးမယ်လုပ်ဖြစ်ပါသည်..။

မနက်မိုးလင်းတာနဲ့ ခြံထဲသန့်ရှင်းရေးလုပ် သစ်ခွမျိုးတွေစိုက်ဖို့ နေရာသေချာချနဲ့ တစ်ယောက်ထဲ အလုပ်များနေတာ.. ။

ကြီးကြီးလည်းဝင်ကူတယ်ဆိုပေမယ့် အသက်ကြီးတော့ ရိုးမယ်ကပဲဒိုင်ခံလုပ်ပြီး ကြီးကြီးကိုအနားယူစေသည်.. ။

" ကြီးကြီးရေ.. ရေတစ်ချက်လောက် တင်ပေးပါအုံး "

ရေပိုက်ဆွဲရင်း အိမ်ထဲကကြီးကြီးကြားအောင်အော်ပြောရသေးတယ်.. ။

" အေအေး.. ခဏနော် "

ကြီးကြီးကလည်း ရိုးမယ်ကြားအောင် ပြန်ပြောသေးပါသည်..။

" ဂျစ်.. ဟင် ဘာလို့ဆွဲမရ အာ ပိုက်ခေါက်နေတာပဲ "

ရိုးမယ် ပိုက်ခေါင်းကိုနေရာမှာတင် ချထားခဲ့ပြီး ပိုက် ခေါက်နေတဲ့နေရာဆီ သွားကာပြန်ဆွဲဖြောင့်ရသည်.. ။

" သမီးရေ.. ကြီးကြီး ရေဖွင့်လိုက်ပြီနော် "

" ဟုတ်.. ကြီးကြီး "

ရိုးမယ် စိုက်ထားပြီးသလောက် ပန်းတွေကို ရေလောင်းနေလိုက်သည်.. ။

.

ကောင်းရန်နိုင်ရှင်း ရိုးမယ်ဘွဲ့အခန်းထဲ ဝင်ပြီး ပြတင်းပေါက်မှာ ကျောမှီကာခြေဆင်းထိုင်နေတာ နာရီပိုင်းလောက်ရှိနေပြီ.. ။

အနက်ရောင် ကောင်းကင် (Unicode) حيث تعيش القصص. اكتشف الآن