Part (51)

3.2K 101 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (51)

ရိုးမယ် စာသာသင်နေရတယ်.. စိတ်ကတော့ နာရီဆီမှာအပြည့် ရောက်နေတာ ။

ဒီနေ့ ကြီးကြီးက သာသနာ့ဘောင်ထဲအပြီးဝင်မယ့်နေ့.. ။

ရိုးမယ်ကမဝင်ပါနဲ့အုံး..ရိုးမယ်တို့နဲ့အတူတူနေပါလို့တောင်းပန်လည်းမရ ။

" ကြီးကြီး ဝတ်ချင်နေတာ ကြာပြီ.. သမီးအမေထွက်သွားကတည်းက ကြီးကြီးသာသနာ့ဘောင်ထဲအပြီးဝင်လိုက်ချင်ခဲ့တာ.. သမီးရှိနေလို့သာဒီနေ့ထိ မဝတ်ဖြစ်နေတာ သမီးလည်းအိမ်ထောင်နဲ့ဖြစ်သွားပြီ ကြီးကြီးစိတ်မချစရာနောက်ဆံတင်းစရာတွေလည်း မရှိတော့ဘူး.. အာ့ကြောင့် ကြီးကြီးကို မတားပါနဲ့ သမီးရယ် "

" ရိုးမယ် အိမ်ထောင်ကျလည်း ဒီအိမ်လေးမှာပဲနေဖို့လုပ်ထားတာ.. ကောင်းရန်နိုင်ရှင်းကိုဒီအိမ်မှာလာနေဖို့ ပြောကြည့်ဖို့ထိရိုးမယ်စဉ်းစားထားတာ "

" ဒီမှာတော့ မနေနေပါနဲ့သမီးရယ်.. မောင်စည်သူနိုင်တို့အိမ်ကိုပဲလိုက်နေ လူကြီးမိဘလည်းရှိတော့ ပိုကောင်းတာပေါ့.. ဒီအိမ်လေးကိုသံယောဇဉ်မဖြတ်နိုင်ရင်လည်း တစ်ခါတလေ တော့လာလည်ပြီးနေလည်းဖြစ်တာပဲ .. "

ရိုးမယ်နဲ့ကြီးကြီး လက်မထက်ခင်တစ်ရက်အလိုထိ ဒီအကြောင်းပဲဆွေးနွေးဖြစ်ခဲ့တာ.. ။

နောက်ဆုံး ပြောမရတဲ့အဆုံးတော့ရိုးမယ်ပဲလက်လျှော့ပေးခဲ့ရတယ်.. ။

ရိုးမယ်လက်ထပ်ပြီးတစ်ရက်နှစ်ရက်နေပါအုံး..လို့ပြောထားတာကို နည်းနည်းတော့ စောင့်အုံးပေါ့ ။

ခုတော့ မနေ့ကပဲလက်ထပ်ပြီးတယ်.. ဒီနေ့မနက်ဆယ်နာရီလောက် သွားတော့မယ် တဲ့ ။

ဒီသတင်းကို ကျောင်းရောက်မှသိရတဲ့ရိုးမယ်အဖြစ်.. ။

ကောင်းရန်နိုင်ရှင်း က သူကျူ တိုရှိနေသေးလို့ဖြေပြီးတာနဲ့ ရိုးမယ်ကိုလာခေါ်ပါ့မယ်လို့ ပြောထားတာမို့စောင့်နေရတာ.. ။

အချိန်ကရွေ့နေတာမို့ သိပ်တော့ မစောင့်ချင်နေတော့ဘူး.. ။

" ခဏနော်.. ဖုန်းပြောလိုက်အုံးမယ် "

ဆရာမက ဖုန်းလာလို့ အပြင်ခဏထွက်သွားသည်.. ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now