အနက်ရောင် ကောင်းကင်
🌸pann
Part (49)
ကောင်းရော.. ။
မယုံပါဘူးတဲ့.. ။
" နင်က ရန်ဖြစ်တဲ့ခါ နင့်ကိုငါပြောမယ့်စကားတွေ ကြိုကြောက်နေတာလား.. ဘာလို့ မဖြစ်လာသေးတဲ့ကိစ္စကို ကြိုတွေးပြီးနောက်ဆုတ်နေရတာလဲ "
" ဒါတစ်ချိန်မဖြစ်လာနိုင်ဘူးတဲ့ သေချာပေါက် ပြောနိုင်တဲ့အရာမဟုတ်ဘူး.. စဉ်းစားသင့်တာစဉ်းစားရမှာပဲလေ "
" အရင်က ငါဘယ်လိုစိတ်ရှိခဲ့လို့ ပြောခဲ့မှန်းပြန်မရှင်းနေတော့ဘူး.. တွေးကြည့်ရင်ရနေတဲ့ကိစ္စ အခုတော့ မဟုတ်တော့ဘူး.. နင့်အကြောင်းမှန်သိပြီးတဲ့နောက်မှာ အရင်လို ပဲငါစိတ်ထားနေရင် ငါ့စိတ်ဓာတ်ကအောက်တန်းကျသွားပြီ ရိုးမယ်ဘွဲ့.. မိန်းကလေး တစ်ယောက်ရဲ့ အားနည်းချက်ကို ဖိပြီးအနိုင်ယူ တာကောင်းတဲ့ယောကျာ်းတစ်ယောက်လုပ်ရပ်မဟုတ်ဘူး.. အထူးသဖြင့် မင်းရဲ့အကြောင်းရင်းမှန် သိနေတဲ့လူတစ်ယောက်အနေနဲ့ ပိုပြီးအနိုင်မယူသင့်မှန်း ငါသိပါတယ်.. "
" အဟွန်း.. မိန်းကလေး တစ်ယောက် ရဲ့ အားနည်းချက်ကို ဖိပြီးအနိုင်ယူတာ ကောင်းတဲ့ယောကျာ်းတစ်ယောက်လုပ်ရပ် မဟုတ်ဘူးတဲ့လား..ဒီစကားကို အရင်ချိန်ကသာနင်ပြောခဲ့ရင် ငါအခုလိုတုံ့ပြန်မိမှာ မဟုတ်ဘူး "
ဟူး... ။
ကောင်းရန်နိုင်ရှင်း ပြောမယ့်စကားတောင်တွန့်ဆုတ်သွားရသည်.. ။
ရိုးမယ်ကတော့ နှုတ်ခမ်းလေးတွန့်ရုံလေး ခြောက်ကပ်ကပ်အပြုံးလေးတစ်ပွင့်သာ ပြုံးဖြစ်တော့သည်.. ။
" အရင်ကနင့်အပေါ်ငါလွန်ခဲ့တာ ဟုတ်တယ်..ငါမငြင်းပါဘူး နင်မကျေနပ်ရင်ငါ့ကို နင်ပြန်လက်စားချေလို့ရတယ် ငါလုပ်ခဲ့သလိုမျိုးလုပ်လို့ရတယ်.. အခုကစငါကနင့်လက်ထဲကလူဖြစ်သွားပြီ ငါဘယ်သူ့လက်အောက်ခံမှမနေတတ်ဘူး ရိုးမယ်ဘွဲ့.. ငါ့သိက္ခာ ငါ့ယောကျာ်းမာနတွေအကုန် ချပြီးနင့်လက်အောက်ကိုဝင်တာဘာလို့လဲ နင်သိလား.. နင့်ကို ငါချစ်မိလို့ ငါ့ရင်ထဲကနေနစ်နေအောင် ချစ်မိတာ "
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...