အနက်ရောင် ကောင်းကင်
🌸pann
Part (12)
" ဟာ.. သူကဘာလဲ "
" သိဘူးလေ.. "
အခန်းထဲမှာ တီးတိုးတီးတိုးပြောနေကြတာတော့ ရိုးမယ်ကြားရသား.. ဒါပေမယ့် ဘယ်သူ့ကိုပြောလို့ ပြောကြမှန်းရိုးမယ်မသိနေပါ..။
တဖြေးဖြေး ရိုးမယ်ထိုင်နေတဲ့နေရာနား လူတွေ ဝိုင်းအုံလာတာတော့ ခံစားမိသည်.. ခေါင်းကိုအရမ်းငိုက်စိုက်ထားတာမို့ ဘယ်သူတွေမှန်း ရိုးမယ်မသိနေ ။
" ဟေ့ ဒီမှာ ဒီမှာ.. "
" အေမ့.. "
ရိုးမယ်ရဲ့ပခုံးကို ကောင်လေးတစ်ယောက် လာပုတ်တော့ ရိုးမယ်ကြောက်လန့်ပြီး အမေ့ကို တမိသေးသည်..
" ဟာ.. ဘာဖြစ်တာလဲ လန့်လိုက်တာ "
" အေးကွာ.. ငါတောင် လန့်သွားတယ် "
ဘေးနားမှာ ကောင်လေးတွေ ပြောဆိုနေသံကို အရှင်းသားကြားနေရသည်..
' ဘယ်သူတွေပါလိမ့်.. ဘာလို့ရိုးမယ်နား ကပ်လာနေကြတာလဲ ဝေးဝေးသွားကြပါ ရိုးမယ်နားမကပ်လာကြပါနဲ့ '
ရိုးမယ် ထိတ်လန့်ပြီး ခေါင်းကိုပိုငိုက်စိုက်ထားလိုက်ရင်း ကိုယ်လေးကိုလည်းပိုကျုံ့ထားမိသေးတယ်.. ။
" ဟေ့ ဟေ့.. ဒီမှာ ဘာထိုင်လုပ်နေတာလဲ မိန်းကလေးတစ်ယောက်ထဲ ဒါငါတို့ယောကျာ်းလေးတန်းကြီး မိန်းကလေး တန်းက ဟိုဘက်မှာ "
" ဟင်.. "
ရိုးမယ်မျက်နှာကို ဖုံးအုပ်နေတဲ့ဆံပင်တွေကြားထဲကနေ ဘေးဘက်ကိုလှမ်းကြည့်တော့.. ဟုတ်ပေသားပဲ ရိုးမယ်ထိုင်နေမိတာ ယောကျာ်းလေးတန်းဘက်ကြီး ။
သေချင်တာပဲ..
" ဟို.. ဟို ရိုး ရိုးမယ် တောင်းပန်ပါတယ်နော် "
ကျစ်.. သူစိမ်းတွေနဲ့စကားပြောရင် ထစ်လိုက်တဲ့စကား ဘယ်ချိန်ကမှအဆင်မချောဘူး ။
ရိုးမယ်ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း လွယ်အိတ်ကိုပိုက်ပြီး ခုံနေရာမှအမြန်ထပေးခဲ့ရသည်..
" ဟားဟား.. ဘယ်လိုလဲ မသိဘူး "
" ကြောင်နေတာနေမယ်.. ဟားဟား "
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...