Part (30)

2.7K 80 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (30)

" မေ.. သမီး ကျူ ရှင်သွားတော့မယ်နော် "

သဉ္ဇာမိုးဇော် အိမ်နောက်ဖေးမှာ အဝတ်လျှော်နေတဲ့အမေ့ကိုလှမ်းအော်ပြောလိုက်သည်.. ။

" သွားတော့မလို့လား.. ဘယ်အချိန်တောင်ရှိနေပြီလဲ "

" ဆယ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်လိုသေးတယ်.."

" ဪ အေအေး.. အချိန်တောင်နီးနေပြီပဲ သွားတော့ သွား "

" ဟုတ်ကဲ့.. "

သဉ္ဇာမိုးဇော် လွယ်အိတ်ကြိုးလေးကိုင်ကာ အိမ်ကနေပေါ့ပေါ့ပါးပါးလေး ထွက်လာခဲ့လိုက်သည်.. ။

ကျူ ရှင်လမ်းအချိုးကွေ့လေးအရောက်မှာ..

" အေမ့.. "

ကိုယ်ကို ဆွဲမြှောက်ပင့်ချီခံလိုက်ရတော့ လန့်သွားမိသည်.. ။

" ဟင် အေးမင်း.. နင်ဘာလုပ်တာလဲ "

မေးလည်းမေးရင်း သူ့လက်ထဲကနေ ကိုယ်ကိုရုန်းထွက်နေမိသည်.. ။

သူကလည်း အလျှော့မပေးဘဲ ပွေ့ချီဖက်ထားတာ.. ။

" ငါနင့်ကို ခိုးပြေးမလို့လေ.. "

" ဘာ.. "

မျက်နှာကြောတင်းတင်းနဲ့ လူကို အတင်းပွေ့ချီဖက်ထားတာ.. ။

သူကတကယ်ကို ပွေ့ချီခေါ်နေတော့လူကလန့်သထက်ပိုလန့်လာမိသည်.. ။

" အေးမင်း.. နင်လွှတ်စမ်း ဘုတ် ဘုတ် "

အေးမင်းကို အတင်းထုရိုက်ကာ လွှတ်ချခိုင်းရသည်.. ။

" ကျွတ်.. "

အေးမင်းက သဉ္ဇာ့ကိုချပေးတော့ အားသွန်ခွန်စိုက် ပြေးဖို့ခြေလှမ်းလိုက်ပေမယ့် လက်ကနေကိုင်မြှောက်ကာ ပခုံးမှာဇောက်ထိုးထမ်းခံလိုက်ရတယ်.. ။

" အေးမင်း နင်လွှတ်စမ်း.. "

အသံတွေအော်ပြောနေပေမယ့် ရောက်နေတဲ့နေရာက လူပြတ်တယ်.. ။

ဒါတွေ ဆက်စပ်တွေးမိပြီးပိုပြီးထိတ်လန့်ကြောက်မိလာသည် ။

ဟင့်အင်း.. မဖြစ်ဘူး ။

လူတစ်ယောက်စ နှစ်ယောက်စ ကြားကောင်းကြားနိုင်ပါရဲ့.. ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now