အနက်ရောင် ကောင်းကင်
🌸pann
Part (23)
ရိုးမယ် ကျောင်းကပါလာတဲ့ အိမ်စာကို လုပ်နေရသေးတယ်.. မနက်ဖြန် မနက်ကျ ဆရာမ နဲ့အဖြေတိုက်ရမှာမို့ ။
" ဒေါက် ဒေါက်..သမီး ရိုးမယ် "
အခန်းတံခါး ခေါက်သံကြားတော့ ရိုးမယ်စာလုပ်နေတာကို ခဏရပ်ပြီးအခန်းတံခါးသွားဖွင့်ရသည်.. ။
" ဪ ဦးလေး.. ရိုးမယ်ကို ဘာခိုင်းစရာ ရှိလို့လဲ "
ညကြီးအချိန်ခါဆို လာကျင့်မရှိတဲ့ဦးလေးက ရိုးမယ်အခန်းရှေ့မှာ ရောက်နေလို့ပါလား.. ဘာများ အထူးတလည် ခိုင်းစရာရှိနေလို့ပါလဲ ။
" ခိုင်းစရာထွေထွေထူးထူးတော့ မရှိပါဘူး.. ဦးလေးသမီးနဲ့ စကားခဏပြောလို့ရမလား "
" ရှင်.. ဟုတ် "
ဦးလေးက ရိုးမယ်ကိုစကားဦးချွေလာတဲ့ပုံက တစ်ခုခုဖြစ်နေသလို.. ဘာတွေများ ဖြစ်နေလောက်လဲ ။
ဦးလေးက ရိုးမယ်အခန်းထဲထိ ဝင်လာတာ..အပြင်မှာ ပြောလည်းရရဲ့သားနဲ့ ။
ရိုးမယ်စိတ်ထဲမှာ စနိုးစနှောင့် ဖြစ်နေရပြီ.. ဒါပေမယ့်လည်း ဦးလေးကို မကောင်းဘူး အပြင်ထွက်သွားပါလို့ ပြောမကောင်းပြန်ဘူး ။
" သမီး စာလုပ်နေတာလား.. "
" ရှင် ဟုတ်ကဲ့... "
" ဦးလေး သမီးနဲ့ စကားခဏပြောချင်လို့ ရမလား.. "
" ဟုတ်ကဲ့.. ရပါတယ် "
" အဲ့နားမှာပဲ ရပ်မနေဘဲ ဒီမှာခဏလာထိုင်အုံး.."
ရိုးမယ် တံခါးပေါက်နားမှာ ရပ်နေတာကို ဦးလေးကအနားလာခဲ့ဖို့ ခေါ်ပြီ..။
ဦးလေးကလည်း ရိုးမယ်စာကြည့်စားပွဲနားက ခုံကိုအသာဆွဲထုတ်ထိုင်နေတာ.. ရိုးမယ်ကို စကားပြောဖို့ ခေါ်နေတာမသွားလို့ကလည်း မကောင်းဘူး ။
" ဟုတ်ကဲ့.. "
ရိုးမယ် ကုတင်ခြေရင်းစွန်းမှာ သွားထိုင်လိုက်ရသည်..
" သမီး.. ရိုးမယ် "
" ဟုတ်ကဲ့ "
" သမီးကို ဦးလေး ပြောစရာရှိလို့.. "
ESTÁS LEYENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...