Part (14)

2.4K 108 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (14)

" ကျွတ်... "

မကြည်ပါ.. မကြည်တော့ပါ ။

ကိုယ်အိမ်မှာမရှိတဲ့ နှစ်နှစ်ဆိုတဲ့အတောအတွင်းထဲမှာ ရိုးမယ်ဘွဲ့နဲ့ အဖေ ခင်ခင်မင်မင် ဆက်ဆံနေကြပြီ.. နေရာတကာမှာ ရိုးမယ်ဘွဲ့ ပဲပါနေတာ ။

အဖေအလုပ်သွားရင် အလုပ်သွားဖို့ပြင်ဆင်ပေးတာကလည်း သူ.. ပြန်ရောက်လာရင် အပြုံးတွေနဲ့ရေခပ်တိုက်ရတာနဲ့ ထမင်းခူးခပ်ကျွေးရတာနဲ့ မျက်စမွှေးကိုစူးလာပြီ ။

စိတ်ထဲအမြင်မကျနေတာက ပိုပိုပြီးဒီရေနှုန်းတွေအလျင်တွေနဲ့ တက်နေတာ ပြန်ကျဖို့လမ်းတော့မမြင်သေး..

စိတ်ထဲမှာ မေးခွန်းတွေ အရမ်းများလာတဲ့အခါ မနေနိုင်တော့ဘဲ ပွင့်ပေါက်ထွက်ချင်လာတဲ့အခါ အမေ့ဆီ အပြေးသွားမိသည်.. ။

" အေမ.. "

အမေက ဧည့်ခန်းကခုံမှာ ခြေတုတ်ထိုင်ရင်း စာဖတ်နေတာမြင်တော့ လှမ်းခေါ်မိသည်..

" ဪ သား.. လာလေ "

ကောင်းရန်နိုင်ရှင်း အမေ့ဆီ ကပ်သွားလိုက်သည်..

" သား.. အပြင်မထွက်ဘူးလား ဒီနေ့ "

" ဒီနေ့ စိတ်မပါလို့ မထွက်တော့ဘူး.. သား အမေ့ကို မေးစရာရှိလို့ "

" အင်.. ဘာများလဲ မေးစရာရှိတာသာမေး ဘာတွေများသိချင်နေရတာလဲ "

" ဟို.. ရိုးမယ်ဘွဲ့ကို ဒီလိုပဲအိမ်မှာ ဆက်ထားနေအုံးမှာလား "

" ဟင်.. ဘယ်လို သား "

ဒေါ်ကောင်းမျိုးမြင့် သားရဲ့အမေးစကားကြောင့် သားကို တစ်ချက် စူးစိုက်ကြည့်မိသည်..

" ရိုးမယ်ဘွဲ့ကို သူ့အမေဆီပြန်ပို့လိုက်ပါလား.."

အင်.. သားက ပြောလာပြီ ရိုးမယ်ဘွဲ့ကိုပြန်ပို့လိုက်ပါလားတဲ့ ။

အဲ့ဒီ့အမေးစကားကို ကိုယ်ကိုယ်တိုင်ကလည်း သိချင်သည်.. ရိုးမယ်ဘွဲ့ကို သူ့အမေဆီဘယ်တော့ပြန်ပို့ဖို့ အိမ်ကယောကျာ်းက စဉ်းစားထားလည်းမသိ ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now