အနက်ရောင် ကောင်းကင်
🌸pann
Part (19)
ရိုးမယ်လည်း သူတို့နဲ့အတူ ဝိုင်းဖွဲ့ဝင်ထိုင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး.. စကားပြောဆိုဖို့လည်း မစဉ်းစားနေပါဘူး ။
ဒါပေမယ့် ကောင်းရန်နိုင်ရှင်းရဲ့ နှင်ထုတ်တဲ့စကားတွေကြောင့် ရင်ထဲခံစားရခက်နေသည်..
" ရှင်း.. ဘယ်လိုပြောလိုက်တာလဲ "
" အေးလေကွာ.. မင်းကလည်း "
" ရိုးမယ် ရှင်းပြောတာကလေ.. "
" ရပါတယ် ရိုးမယ်ဘာမှမဖြစ်ပါဘူး.. အေးဆေးသက်သောင့်သက်သာ နေပါ ရိုးမယ်ဒေါ်ကြီးကို ကူရအုံးမှာမို့ ခွင့်ပြုပါအုံးနော် "
ရိုးမယ် သူ့သူငယ်ချင်းတွေ တစ်ယောက်တစ်ခွန်းနဲ့ ကာကွယ်ဖြေရှင်းပြောနေတာကို ခေါင်းညိတ်အသိမှတ်ပြုကာ နေရာမှထထွက်လာခဲ့လိုက်သည်..
" ရှင်း.. မင်းကလည်း အားနာစရာကြီးကိုကွာ "
" အေးလေ.. ဘာလို့ဘုတောလိုက်တာလဲ "
သုခနဲ့အောင်နိုင်လတ်က ကျွန်တော့်ကို တစ်ယောက် တစ်ခွန်းနဲ့အပြစ်တင်နေတာ..
" အေးဆေးနေစမ်းပါကွာ.. မင်းတို့နဲ့ အနေသာကြီး စိတ်ထဲထားမနေနဲ့ "
ကောင်းရန်နိုင်ရှင်းက ဘာမှမဖြစ်သလို ဆက်ပြီးအသာနေနေပြန်ပြီ.. ။
ဒီကောင်ကလေ တခြားနေရာမှာဆို စိတ်ရှည်ညင်သာပြီး ပျော်ပျော်နေတတ်ပေမယ့် ဒီရိုးမယ်ဘွဲ့နဲ့ပတ်သက်လာရင် စိတ်ကလက်တစ်ဆစ်လောက်သာ..
ကောင်းရန်နိုင်ရှင်းနဲ့ ရိုးမယ်ဘွဲ့တို့နှစ်ယောက်က ဆက်ဆံရေး အဆင်မပြေတာကိုတော့ ဘေးလူတွေ ရိပ်မိကြပါသည်.. ။
အကြောင်းရင်းက ဘာမှန်းရေရေရာရာ တစ်ခုမှမသိရ.. မေးတိုင်းလည်း ကောင်းရန်နိုင်ရှင်း က မဖြေ ။
အမြဲခေါင်းရှောင်ပြီး တစ်ခုမှအရိပ်စွန်းတောင်ပြခဲ့တာ မဟုတ်..
ရိုးမယ်ဘွဲ့နဲ့လည်း ခင်ခင်မင်မင် မနေခိုင်းဘူး..။
အခုလည်း ဘာထူးလဲ.. သူ့ကို ရိုးမယ်ဘွဲ့ အကြောင်းမမေးရင် အကုန် အကောင်း ။
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...