အနက်ရောင် ကောင်းကင်
🌸pann
Part (33)
ရိုးမယ် အမေ့လက်လေးကိုင်ပြီး အမေ့နားမှာပဲ ငုတ်တုတ်လေးထိုင်မိသည်.. ။
" သမီး ရိုးမယ်.. အစားလည်းစားအုံးလေ ရောက်ကတည်းက ထမင်းမစားအစာရေစာလည်းမထိနဲ့ ကိုယ်ကနေကောင်းနေသေးတာလည်း မဟုတ်ဘူး "
ကြီးကြီးက ရိုးမယ်ကို ထမင်းစားဖို့ ခေါ်သည်..။
" ဟင့်အင်း ရိုးမယ်မစားချင်ဘူး.. "
စားချင်စိတ်လည်းမရှိနေပါဘူး.. ။
" မစားချင်ဘူးဆိုလို့ မစားလို့တော့ဘယ်ရမလဲသမီးရယ်..တစ်ဇွန်းနှစ်ဇွန်းလောက် ဗိုက်ထဲဝင်တယ်ဆိုရုံလေး စားပါအုံးလား "
ရိုးမယ် ခေါင်းကိုပဲခါရမ်းမိသည်.. ။
" ကြီးကြီး.. "
" ဟင်.. "
" အမေက ရိုးမယ်ကို တော်တော်လေး ချစ်တာပဲနော်.."
" ချစ်တာပေါ့.. သူ့မှာ ဒီသမီးလေး တစ်ယောက်ထဲရှိတာကို "
" ရိုးမယ်.. ရိုးမယ်က ဘယ်လိုရလာတဲ့ကလေးမို့လို့လဲ ဒါကိုအမေကချစ်ပေးနိုင်တယ်နော် "
" ဘယ်လိုပဲရလာတဲ့ ကလေးပဲဖြစ်ဖြစ် ကိုယ့်သွေးသားပဲလေ သမီးရဲ့.. ချစ်ပေးနိုင်ကြတာပေါ့"
" တစ်ချို့တွေကျ ကလေးကိုမွေးပြီးစွန့်ပစ်ကြတာမျိုး ရှိတယ်လေ..အမေကျတော့ ရိုးမယ်ကိုစွန့်မပစ်ခဲ့ဘူး "
" အင်း.. ဘယ်လိုပြောရမလဲ သမီးရယ် ခေတ်ကာလက ပွင့်လင်းလာကြတော့ စည်းတွေမရှိနေဘူးလေ အရင်ကြီးကြီးတို့ဘိုးဘွားအမေတို့ခေတ်တုန်းက ယောကျာ်းသားနဲ့ကြမ်းတပြေးထဲတောင် အတူမထိုင်ကြရဘူးတဲ့.. တွေ့ကြရင်လည်း ပုဝါလက်တစ်ကမ်းအကွာလောက်မှာပဲနေကြရတာ အခုခေတ်တော့အဲ့လိုမဟုတ်တော့ဘူးလေ ယောကျာ်းလေးနဲ့မိန်းကလေး ကိုယ်ချင်းထပ်နေတယ် ထင်ရလောက်အောင်အနေထိုင်တွေ ပူးကပ်ကြတာကိုး.. သွားတာလာတာက အရှုပ်နှောင်မရှိကြတော့ဘူး အဒေါ်တို့လိုမိန်းမသားတွေအတွက်တော့ ကောင်းတစ်ချက်ဆိုးတစ်ချက်ပဲ.. အရင်တုန်းကလိုစည်းတွေဘောင်တွေနဲ့ အလုံပိတ်မနေရတော့ စိတ်ရောကိုယ်ရောလွတ်လပ်တာပေါ့ အရမ်းလွတ်လပ်နေပြန်တော့လည်း မကောင်းဘူး ကိုယ်ကယောကျာ်းလေးတွေနဲ့ တန်းတူယှဉ်ပြီး နေရာတကာ လိုက်တိုင်းပြိုင်နေလို့မရဘူး.. ဘာပဲဖြစ်ဖြစ် ကိုယ်ကမိန်းကလေးမဟုတ်လား "
VOUS LISEZ
အနက်ရောင် ကောင်းကင် (Unicode)
Roman d'amour" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...