အနက်ရောင် ကောင်းကင်
🌸pann
Part (22)
" မျောက်နာကြား.. ငါ့ကိုလုပ်သွားတာ တော်သေးတယ် ငါအမြန်ထိုင်လိုက်လို့ မဟုတ်ရင် ငါ့အရှက်တွေတော့ ဗြန်းဗြန်းကွဲတော့မှာ "
မင်းစိုးက အနားထိရောက်လာပြီး ဟန်နေကိုအပြစ်တင်စကား ပြောနေတာ.. ။
သူ့ပုဆိုးကိုချွတ်ချလိုက်တာကို ဒီကောင်က ဖမ်းလိုက်နိုင်တယ်ဆိုတော့ ရည်ရွယ်ချက် မအောင်မြင်လိုက်ဘူးပေါ့..
" ကွာ.. မကျွတ်သွားတာ နာတယ်ကွာ "
" ငနာ.. ငါ့အလှည့်ကျတွေ့မယ် အဲ့ကျလာနွဲ့ကြည့် အသေသတ်မှာ "
" လုပ်နိုင်ရင် လုပ်လိုက်စမ်းပါ.. "
" အေးပါ.. အာကျယ်နိုင်တုန်း ကျယ်ထားပေါ့ ဒါနဲ့ စောနက မင်း ကောင်းရန်နိုင်ရှင်းနဲ့စကားပြောနေတာ သူနဲ့မင်းသိတယ်လား "
" ဟမ်.. ဘယ်သူလဲ "
" ဟာ..စောနကပဲ မင်းနဲ့ရပ်ပြောနေတာလေကွာ "
" အာ.. အဲ့တစ်ယောက်ကို မင်းသိလို့လား "
" အွန်း.. နည်းနည်း သိတယ် မင်းနဲ့သိတယ်မဟုတ်ဘူးလား ရပ်ပြီးတောင် စကားပြောနေတာဆိုတော့ ငါကသိတယ်မှတ်နေတာ "
" မသိပါဘူး.. မင်းကိုစပြီးရှေ့မကြည့်ဘဲပြေးနေတာ အဲ့ဒါ အဲ့တစ်ယောက်ကိုငါဝင်တိုက်မိသွားလို့ သူ့အင်္ကျီမှာ ကိုလာတွေလောင်းချသလို ဖြစ်သွားတာ အဲ့ဒါငါပြန်တောင်းပန်နေတာ .. "
" ငါက ကောင်းရန်နိုင်ရှင်းနဲမင်း သိတယ်မှတ်နေတာ.. ငါ့မှာ မင်းကိုဇွတ်အထင်ကြီးနေသေးတာ "
" အဲ့တစ်ယောက် နာမည်က ကောင်းရန်နိုင်ရှင်းလား.. "
" ဟုတ်တယ်.. နာမည်လည်းအလွင့် လူလည်းအလွင့်ပဲနော် "
" အေး.. ငါတောင် သူ့ကိုတွေ့တော့ ဟာ ဒီကောင် ချောလိုက်တာလို့ စိတ်ထဲကနေပြောမိသေးတယ် "
" ချောတာတော့ ချောတယ်.. ချောလို့လည်း ကျောင်းမှာရေပန်းစားနေတာ သူ့ကိုကြွေကြတဲ့မိန်းကလေးတွေလည်း အများကြီးနော် ဒါလည်းဘယ်သူနဲ့မှမတွဲဘူး သူ့သူအေးဆေးနေတာနော်.. ကောင်မလေးတွေ နဲ့ အရှုပ်ယှက်ကင်းတယ် "
CZYTASZ
အနက်ရောင် ကောင်းကင် (Unicode)
Romans" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...