Part (24)

3K 101 0
                                        

အနက်ရောင် ကောင်းကင်

🌸pann

Part (24)

" ကောင်းရန်နိုင်ရှင်း.. "

" ကားပေါ်တက် "

အမလေး.. သူ့အသံက မာထန်နေတာကို ရိုးမယ်ခံစားနေရပါသည် ။

သူ..သူ ဟန်နေကိုများတွေ့သွားပြီလား

" ငါ.. ငါ "

ရိုးမယ် သူ့ကိုဖြေရှင်းချက်ပေးချင်ပေမယ့် နှုတ်ကငါကနေမတက်.. စကားထစ်နေရတယ်လို့ ။

" ငါပြောနေတယ်မလား ကားပေါ်တက်.. "

သူ့ဆီက အမိန့်ဆန်ဆန်စကားတစ်ခွန်းသံကြောင့် ရိုးမယ်ကိုယ်လေးတောင် တုန်သွားရသည်..သူကဘာလို့အဲ့လောက် စိတ်ဆိုးဒေါသထွက်နေတာလဲ မသိဘူး ။

အသံမှာဒေါသပါနေတာ အရှင်းသားကြီးကြားနေရတာကို ရိုးမယ်အတင့်ရဲပြီးသူ့ကားထဲမဝင်နိုင်.. ရိုးမယ် အမှားလုပ်ထားတာ မရှိပေမယ့်လည်း သူ့ကိုရိုးမယ်ကြောက်နေသည်

" တောက်.. "

ကားထဲဝင်လို့ပြောနေတာတောင် တုံ့နှေးတုံ့နှေးနဲ့ မဝင်လာနိုင်လွန်းတဲ့ ရိုးမယ်ဘွဲ့ကိုပိုစိတ်ပေါက်လာရပြီ.. ။

တောက်သံပြင်းပြင်း ခေါက်ပြီးကားထဲကနေဆင်းချကာ ရိုးမယ်ဘွဲ့လက်ကိုဆွဲဆုပ်ကိုင်လိုက်သည်..

" လာခဲ့ မင်း.. "

" အို.. "

ရိုးမယ်ရဲ့လက်ကို အားနဲ့ဆွဲဆုပ်ကိုင်ပြီး အတင်းခေါ်နေတဲ့ ကောင်းရန်နိုင်ရှင်းကြောင့် ရိုးမယ်ပိုထိတ်လန့်နေမိသည်.. ။

" ဝင်.. "

အ့..။

ရိုးမယ်ကိုအတင်းကားထဲ တိုးထည့်နေတာ.. ဖြေးဖြေး အသာဝင်ခိုင်းလည်း ရပါရဲ့နဲ့

ရိုးမယ်ကားထဲရောက်တာနဲ့ ကားတံခါးကိုလည်း အားနဲ့ဆောင့်ပိတ်လိုက်ပြန်တာမို့ ရိုးမယ်ထိတ်လန့်ပြီး မျက်လုံးအစုံတောင်ပိတ်ချမိသေးသည်.. ။

ကောင်းရန်နိုင်ရှင်း ရိုးမယ်ကို ကားထဲထည့်ပြီးတာနဲ့ ကားရှေ့ကနေပတ်လျှောက်ကာ တစ်ဖက်ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်..

အနက်ရောင် ကောင်းကင် (Unicode) Место, где живут истории. Откройте их для себя