Part (40)

3K 97 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (40)

" ရိုးမယ်ဘွဲ့.. မပြီးသေးဘူးလား "

" ပြီးပြီ ခဏလေး "

ပြီးပြီလည်း ပြောသေးတယ်.. ခဏလေး စောင့်အုံးတဲ့ ။

ကောင်းရန်နိုင်ရှင်းလည်း ကျောင်းဝတ်စုံ ဝတ်ထားပြီး ရိုးမယ်ဘွဲ့ကိုစောင့်နေတာ ။

ရိုးမယ်ဘွဲ့ကိုကျောင်းမှာခဏထားခဲ့ပြီး ကိုယ့်ကျောင်းကို သုခတို့ကောင်းမှုနဲ့ သွားရအုံးမှာမို့..။

" လာပြီ.. လာပြီ "

ထွက်လာပါပြီ.. ။

" ဘာလုပ်နေတာလဲ.. အထဲမှာ "

" ကျောင်းမှာ စာနည်းနည်းပြန်ကြည့်ဖို့ စာအုပ်နည်းနည်းထည့်နေတာပါ.. "

" မပြီးတော့ဘူး.. သွားမယ် "

" အွန် "

နှစ်ယောက်သား ပြင်ဆင်ပြီး အိမ်ကနေထွက်လာခဲ့လိုက်ကြသည်.. ။

" နင် စာတွေမရသေးဘူးလား.. "

ကားထဲမှာတောင် စာအုပ်နဲ့မျက်နှာ မခွာသေးဘဲစာကြည့်နေတုန်း.. ။

" ရတော့ရနေပြီ.. ဒက်ဖနေးရှင်းနဲ့အိမ်း (aim) နည်းနည်း ကြည့်နေ လို့ အသုံးပြုရတဲ့ ပစ္စည်းတွေ လည်းပြန်မှတ်နေတာ စာမေးပွဲ အခန်းရောက်မှ မှားနေမှာစိုးလို့ "

ဖြေသာဖြေနေတာ.. မျက်လုံးက စာအုပ်မှာပဲရှိနေတာ ။

" ကျောင်းသားကဒ်ပါတယ်မလား.. "

" အင်.. ပါတယ် "

ယောင်ပြီး မေ့ကျန်နေခဲ့မှာစိုးလို့ မေးရသေးသည်.. ။

စာကိုပဲကြည့်နေတာမို့ အနှောင့်ယှက်မပေးတော့ဘဲ ကားကိုသာဂရုတစိုက် မောင်းနေလိုက်သည်..။

နောက်ဆုံးတော့ ရိုးမယ်ဘွဲ့ ကျောင်းကို ရောက်လာပြီ ။

" ဒီနေ့ ငါ့ကျောင်းကို ခဏသွားရအုံးမှာ.. နင်ဖြေတာ ဘယ်လောက်ကြာမှာလဲ "

" ငါမဖြေဖူးတော့ ဘယ်လောက်ကြာမယ် မပြောတတ်သေးဘူးလေ.. "

" အနည်းဆုံး တစ်နာရီ တစ်နာရီခွဲလောက် အချိန်ပေးရမလား.. "

အနက်ရောင် ကောင်းကင် (Unicode) Donde viven las historias. Descúbrelo ahora