Part (8)

2.4K 112 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (8)

" အာ...အီး အီး "

ရိုးမယ် အရမ်းအေးနေလို့ ကုတင်ပေါ်မှာ တောင်လှည့်မြောက်လှည့် လုပ်နေမိတာ ဘယ်နှကြိမ်မြောက်ရှိနေပြီမှန်း မပြောတတ်တော့ပါ.. ။

စောင်နဲ့ခေါင်းအုံး ပြန်မရသေးတော့ ရိုးမယ်မှာရှိတဲ့ အနွေးထည် ဝတ်ထားရသည်.. ဒါလည်း အခန်းထဲမှာရှိတဲ့ အအေးဓာတ်ကို မကျော်နိုင် ။

အတော်အေးလွန်းနေလွန်းလို့ လူလည်း ပုဇွန်တုပ်သဖွယ်ကွေးထားမိသည်.. အခန်းတံခါးလည်း မဖွင့်ထားမိပါဘဲနဲ့ ဘာလို့အေးနေမှန်းမသိ ။

ရိုးမယ်တို့အိမ်မှာဆို အခုလို တစ်ခါမှမအေးပါဘဲနဲ့ အခုတော့ ဒီအခန်းကအရမ်းအေးလွန်းတယ်.. ဘေးမှာ ကြီးကြီးရှိရင် သိပ်ကောင်းမှာ ။

ကြီးကြီးနဲ့အတူ အိပ်ရင် ကြီးကြီးနားကပ်ပြီးအနွေးဓာတ် ယူလို့ရအုံးမယ်.. အရမ်းလွမ်းတာပဲ ကြီးကြီးရယ် ။

အစောအိပ်တတ်တဲ့ ရိုးမယ် အစောအိပ်ယာဝင်ခဲ့ပေမယ့် အခုထိတစ်ရေးမှမအိပ်နိုင်သေး..

အအေးဓာတ်ကို အံတုနေရင်း အိပ်မပျော်နိုင်ရတဲ့ကြားထဲ ညဉ့်သန်းခေါင်အချိန်ရောက်ပြီဆိုရင် မျက်လုံးက အလိုလို ပြူ းကျယ်ကာ နိုးတတ်တဲ့ အကျင့်ရှိနေတော့... ။

ရိုးမယ် ကုတင်မှ ကိုယ်လေးကိုကျုံ့ထားရင်း ဆင်းကာ ပြတင်းပေါက်နားတိုးသွားမိသည်..

ပြတင်းပေါက် နားတိုးသွားတိုင်း ကားတစ်စီးမဟုတ်တစ်စီးထဲကနေ ဆင်းလာတတ်တဲ့ အမေ့ကို တွေ့ရတတ်ပေမယ့်.. အခုဒီမှာတော့ အဲ့လိုမတွေ့ရပါ ။

ပြတင်းပေါက်နားတိုးကပ်ပြီးရပ်လည်း တိတ်ဆိတ်နေတဲ့ အရာတွေကပဲ ရှိနေလျက်..

' အမေ.. ရိုးမယ်ကို ဘယ်တော့လာခေါ်မှာလဲ '

ရိုးမယ် စိတ်ထဲကနေ တီးတိုးလေး အမေးစကားထုတ်မိသည်.. ။

အမေ.. ရိုးမယ်ကို လာခေါ်ပါအုံးမလား ။

ရိုးမယ်ကို လိုက်သွားရမယ်လို့ပဲ အမေက ပြောခဲ့တာ.. ဘယ်တော့လောက် ပြန်လာခေါ်ပါ့မယ်လို့ အမေမပြောခဲ့ ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now