အနက်ရောင် ကောင်းကင်
🌸pann
Part (2)
" ဒေါက် ဒေါက်.. ရိုးမယ်လေးရေ "
ရိုးမယ်အခန်းတံခါးကို ဒေါ်နွဲ့ရီ သွားခေါက်ကာ တီးတိုးခေါ်လိုက်သည်.. ။
" ဒေါက် ဒေါက် ရိုးမယ် သမီး.. "
ရိုးမယ် ကြီးကြီးအသံကြားလို့ အိပ်ယာမှာမျက်နှာအပ်ပြီး အိပ်ပျော်နေရာကနေ လန့်ပြီးနှိုးမိသည်..
ကြီးကြီးတောင် ရောက်နေပြီထင်တယ်.. ။
ရိုးမယ် တံခါးသွားဖွင့်တော့ အခန်းဝရှေ့မှာရပ်နေတဲ့ ကြီးကြီးကိုတန်းတွေ့ရပြီ.. ။
" ကြီးကြီး ရောက်နေပြီလား.. "
ရိုးမယ် ကြီးကြီးကို မေးနေရင်း မျက်လုံးက တစ်အိမ်လုံးကို ဝေ့ဝဲကြည့်ပြီးနေပြီ.. အမေဘယ်ရောက်နေပါလိမ့်နော် ။
ဒေါ်နွဲ့ရီ ရိုးမယ်လေးရဲ့မျက်လုံးအိမ်ကို ကြည့်ပြီး ဘာလဲဆိုတာ ရိပ်စားမိသည်..
" သမီးအမေ စောနလေးကမှ ထွက်သွားပြီ.. "
" ဟင်.. သွားပြီလား "
ရိုးမယ် စိတ်လေးနွမ်းလျသွားရသည်.. အမေက ရိုးမယ်စကားမပြောဘဲ နေလည်း ဘာမှမဖြစ်ဘူးနေမှာပေါ့ ။
အမေ့ကို ရိုးမယ် တကယ်မုန်းချင်လာပြီ..
" သမီး အဝတ်စားတောင် မလဲရသေးပါလား.."
ကြီးကြီးပြောမှ ရိုးမယ် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိသည်..
ဟုတ်သားပဲ.. ရိုးမယ် ကျောင်းကပြန်လာပြီးကတည်းက အမေနဲ့စကားများပြီး အခန်းထဲဝင်ငိုနေရင်း အိပ်ပျော်မိသွားတာနဲ့ အဝတ်စားမလဲရသေး ။
" ရိုးမယ် အိပ်ပျော်သွားတာနဲ့ မလဲရသေးတာ.."
" ဒါဆို အဝတ်လေးလဲလိုက်အုံးလေ သမီး.. "
" ဟုတ်ကဲ့.. "
ရိုးမယ် တံခါးပြန်စေ့ပိတ်ပြီး အဝတ်လဲဖို့လုပ်ရသည်.. ။
ခေါက်သိမ်းထည့်ထားတဲ့ ညအိပ်ဝတ်စုံ လေးကိုပဲ တစ်ခါထဲ လဲဝတ်လိုက်သည်..
အဝတ်လဲပြီး အခန်းပြင်ထွက်ကာ ကြီးကြီးဘေး နားသွားလိုက်သည်..
BẠN ĐANG ĐỌC
အနက်ရောင် ကောင်းကင် (Unicode)
Lãng mạn" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...