အနက်ရောင် ကောင်းကင်
🌸pann
Part (16)
ရိုးမယ်တို့နှစ်ယောက် တစ်ကားထဲအတူစီးပြီး ခရီးတစ်ခုထဲမှာပဲ ခဏတာ ဧည့်သည်အဖြစ် ဆုံတွေ့ခဲ့ရပါသည်.. ။
ရိုးမယ်တို့နှစ်ယောက် ခုံဘေးထောင့်ဘက်စီ တစ်ယောက် တစ်ဖက်ကပ်ထိုင်မိသည်..
ရိုးမယ်ကတော့ အခုမှ တစ်ယောက်ထဲ စခွင့်ရတဲ့နေ့ရက်မို့ အဆင်ပြေပါ့မလားလို့ စိုးထိတ်မိပေမယ့် စိတ်တွေက အရမ်းကိုလွတ်လပ်ပေါ့ပါးနေတာတော့ ငြင်းမရပါ.. ။
စိတ်လွတ်ကိုယ်လွတ်နဲ့ တစ်ယောက်ထဲ လျှောက်ရတဲ့ခံစားချက် ဖီလင်ကိုကောင်းကောင်း ထည့်သိမ်းထားရသေးတယ်.. ဒီလိုမျိုး နောက်အခွင့်ရေးက ရပါ့မလား မသေချာတာမို့ ။
တံခါးမှန်ဘောင်ကနေ မြင်နေရတဲ့ ပတ်ဝန်းကျင်ကို အပြုံးလေးတစ်ပွင့်နဲ့ ငေးကြည့်မိသေးသည်.. ရိုးမယ် အခုအရွယ်ထိ ဘေးပတ်ဝန်းကျင် က ဘယ်လိုလဲဆိုတာ ကောင်းကောင်းရှုမြင်ခံစားဖူးတာမှ မဟုတ်တာ ။
" ရိုးမယ်.. မင်းက ငါတို့ကျောင်းက မဟုတ်လောက်ဘူးနော် "
ဟော.. ကိုယ်က တစ်ယောက်ထဲပဲ ရှိတာဆိုပြီး ကောင်းကောင်း ခံစားချက်တွေနဲ့ ဖီးလ်နေတာ
ဟုတ်သားပဲ ဘေးနားမှာ နည်းပညာကျောင်းဝတ်စုံနဲ့ ကောင်လေးတစ်ယောက် လည်းပါလာတာပဲ.. ။
လူတစ်ယောက်လုံး ဘေးနားမှာ ထိုင်နေတာကို မေ့မိရတယ်လို့..
" ဟင်.. အင် အင်း ဟုတ်တယ် "
ကြည့်.. စကားပြောတာက အဆင်မချောနေပြန်ဘူး ငါ့နှယ့် ။
" ဒါဖြင့် ငါတို့ကျောင်းကို ဘာလာလုပ်.. "
" ဟင်.. ဟို အဲ့ဒါက ဒီ ဒီဟာ သွားပို့မလို့ "
ရင်မှာပိုက်ထားတဲ့ ဘူးရှည်အနက်လေးကို လက်ညိုးထိုးပြပြီး ပြောပြမိသည်..
" ဪ.. သူငယ်ချင်း ကကျန်ခဲ့လို့ တကူးတက သွားပို့ပေးတာပေါ့ မင်းလိုသူငယ်ချင်းရတဲ့သူတော့ ကောင်းလိုက်တာ.. ငါ့သူငယ်ချင်း ကတော့ ငါ့ကိုဘက်ကီးရိုက်ပြီး လူလည်ကျသွားတာ သူ့ကြောင့် ငါ့မှာဟိုပြေးရဒီပြေးရနဲ့ "
DU LIEST GERADE
အနက်ရောင် ကောင်းကင် (Unicode)
Romantik" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...