အနက်ရောင် ကောင်းကင်
🌸pann
Part (47)
" ဟာ ကြီးကြီးကလည်း ရိုးမယ်ကို မမေးမြန်းဘဲနဲ့ဘာလို့ ခေါင်းညိတ်လိုက်ရတာလဲ.. "
" ကြီးကြီးကလည်း သမီးရိုးမယ်ကရော ဘာလို့ခေါင်းမညိတ်ချင်ရတာလဲ သိချင်တယ်.. တစ်ဖက်က သမီးကိုလိုလိုလားလား တောင်းရမ်းနေတာကို ဘာလို့လက်မခံချင်နေရတာလဲ "
" ကျွတ်.. ကြီးကြီးက အလိမ်ခံနေရတာသိလား လိုလိုလားလားပုံစံတုတွေကြားမှာ ရောယောင်ပါသွားပြီသိရဲ့လား "
" ဘယ်လို.. "
" ကြီးကြီးကမသိပေမယ့် ရိုးမယ်သိတယ်.. "
" အွန် ပြောပါအုံး.. ဘာတွေများ ကြီးကြီးထက်ပိုပြီး သိနေတာလဲလို့ "
ကြီးကြီးကရွဲ့များမေးသလား.. အကောင်းမေးသလားမသိပေမယ့် ရိုးမယ် ဘဝင်မကျတာတော့ထုတ်ကိုပြောမှဖြစ်မည် ။
" ကောင်းရန်နိုင်ရှင်း က ရိုးမယ်ကို တကယ်ချစ်လို့လက်ထပ်မယ်ထင်နေလား ကြီးကြီးရဲ့.. "
" သူမချစ်ဘဲနဲ့ သမီးကို လက်ထပ်ဖို့တောင်းရမ်းပါ့မလား သမီးရယ်.. "
" အဲ့အတွေးကိုက မှားနေတာကြီးကြီးရဲ့.. ကောင်းရန်နိုင်ရှင်း ကို သမီးသိတယ် သူ့မှာသမီးအပေါ်ချစ်လာမယ့်အချစ်မရှိဘူး တသက်လုံး ဖြစ်ကိုမဖြစ်နိုင်တဲ့အရာကြီး.. သူ့မှာရိုးမယ်အပေါ်ထားတဲ့ခံစားချက်ဆိုလို့ ရွံတာ အထင်သေးတာ အဖတ်မလုပ်ချင်တာ မုန်းတာ ကြည့်မရတာလောက်ပဲရှိတာ အချစ်ဆိုတာ ပါးစပ်ပြော.. သူရိုးမယ်ကိုအနိုင်ယူချင်လို့ သက်သက်လက်ထပ်ဖို့ပြောနေတာ "
" အနိုင်လိုချင်လို့.. "
" ဟုတ်တယ် အနိုင်လိုချင်လို့.. သူ ရိုးမယ်ကို ဘယ်တော့မှသူ့ကောင်မလေး ဖြစ်မှာမဟုတ်ဘူးလို့ သူကိုယ်တိုင်သူ့ပါးစပ်ကနေ ရိုးမယ်ကိုပြောခဲ့တာ.. ပြောတဲ့စကားတွေက အခုထိပူနွေးနေသေးတုန်း ဒါကိုအခုကျချစ်ပါတယ်တဲ့ ကြီးကြီးဆိုယုံမလား "
" အဟွန်း.. "
ကိုယ်ကဒီလောက် ချက်ကျလက်ကျရှင်းပြနေတာကို ကြီးကြီးက ဘာတွေရယ်စရာပါလို့ရယ်နေမှန်းမသိ.. ။
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...