Part (18)

2.5K 108 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (18)

" ရှင်း.. ဟိုကတစ်ယောက်က ရိုးမယ်ဘွဲ့ မဟုတ်လား "

သုခ လက်ညိုးလှမ်းထိုးပြလို့ ကားမောင်းရင်း အကြည့်လှည့်ပို့ရသေးတယ်.. ။

မဟုတ်လောက်ဘူး ထင်ထားတာ.. တကယ်ကို ရိုးမယ်ဘွဲ့ ဖြစ်နေတယ် ။

ကောင်တစ်ယောက်နဲ့လက်ချင်း တွဲပြီး ပျော်ပျော်ရွှင်ရွှင် လမ်းကူးနေလိုက်တာ.. ဘေးပတ်ဝန်းကျင် တောင်မမြင်တော့ဘူး ထင်တယ် ။

လမ်းကူးပြီး ဟိုဘက်လမ်းကပလက်ဖောင်း ရောက်နေတာတောင် နှစ်ယောက်သားအကြည်စစ်ခင်းနေကြတုန်း..

လူက ဘာကိုဒေါသထွက်သွားမှန်း မသိ.. အခုချက်ချင်း ကားရပ်ပြီး ရိုးမယ်ဘွဲ့ကို လက်ဆွဲပြန်ခေါ်ချင်စိတ်က တဖွားဖွား ။

သို့သော် စိတ်ကိုဦးစားပေးလို့ကလည်းမဖြစ်.. ကိုယ်ရောက်နေတဲ့ လမ်းက သူတို့နဲ့ဆန့်ကျင်ဘက်လမ်းမှာ လွယ်လွယ်ကူကူ ဂငယ်ကွေ့ ကွေ့ပြီး လမ်းကြောင်း ပြန်ပြောင်းဖို့မလွယ်.. ။

မတတ်နိုင်တဲ့အဆုံး ဆက်ပြီးသာ ကားမောင်းနေခဲ့ရတာ.. လူက ကားခွေကိုကိုင်ပြီး မောင်းနေရပေမယ့် စိတ်က ရိုးမယ်ဘွဲ့ဆီမှာ ကျန်နေခဲ့ရပြီ

အစတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စကားပြောဆို စ နောက်နေခဲ့တာ.. အခုတော့ ရိုးမယ်ဘွဲ့တို့နှစ်ယောက်ကို မြင်လိုက်ကတည်းက ပျော်ချင် ရယ်ချင် ပြုံးချင် စိတ်က ကြက်ပျောက်ငှက်ပျောက် ပျောက်ခဲ့ရပြီ.. ။

သူငယ်ချင်းတွေကို တစ်ယောက်တစ်အိမ်စီ လိုက်ပို့ပေးမနေတော့ဘဲ အောင်နိုင်လတ် အိမ်မှာပဲ စုချပေးခဲ့လိုက်သည်.. သူတို့ဘာသာ သူတို့အဆင်ပြေသလို ပြန်ကြလိမ့်မည်

ကိုယ်ကတော့ အိမ်ကိုအမြန်ပြန်ရောက်ဖို့အရေး က အရမ်းကိုအရေးကြီးနေပြီမို့.. ။

" ကျွီ.. "

ကားကို ဘရိတ်အမြန်ဆောင့်အောင့်ပြီး စင်ဝင်အောက်မှာ ရပ်ပစ်လိုက်သည်..

" ဂျလောက်.. "

ကားတံခါးကို ဆောင့်ပိတ်ပြီး အိမ်ထဲလှမ်းဝင်လိုက်တဲ့ ခြေလှမ်းကျဲကြီးတွေ.. ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now