အနက်ရောင် ကောင်းကင်
🌸pann
Part (38)
ဆိုင်မှာ လူကိုအတင်းကုန်အောင်စားခိုင်းပြီး ပြန်လာရသည်.. ။
ရိုးမယ်မှာ အစားနည်းသူမို့ နည်းနည်းစားရုံနဲ့တင် ဗိုက်ကပြည့်လာတာ.. ပြီး အခုရက်ပိုင်း ပုံမှန်မစား အစားလည်းကောင်းကောင်းမစား ဖြစ်နေတော့ သိပ်ပြီးစားမဝင်ချင် ။
သူ့ကြောင့်သာ အစားအများကြီးစားလိုက်ရတာ.. လူကဗိုက်ပြည့်ပြီး အနေထိုင်တောင်မလွတ်လပ်ချင် ။
" နင် အိမ်မှာခဏနေအုံး.. ငါ အပြင်သွားလိုက်အုံးမယ် ဪ လစ်ပြေးမယ်မကြံနဲ့နော် မှာထားလည်း စိတ်မချပါဘူး ငါ့ဟာငါပဲ သော့ခတ်ခဲ့မယ် "
ကဲ.. ကိုယ်က ဘာမှပြန်မပြောနိုင်သေးခင် သူ့ကိုယ်သူပြော သူ့ကိုယ်သူစီစဉ်ပြီး ဆုံးဖြတ်သွားတယ် ။
ရိုးမယ် လည်း ဘာမှပြန်မပြောနိုင်သေးတော့ သူ့အစီစဉ် သူ့အဆုံးဖြတ် အတိုင်းပဲ လိုက်နာနေရမှာပေါ့.. ။
ရိုးမယ် ခုံမှာထိုင်ချပြီး ခဏနားမိတယ်.. ဗိုက်လေးနေတော့ လုပ်ချင်ကိုင်ချင်စိတ်ကလည်း လေးလံနေတာလေ ။
ခဏ အချိန်ပေးပြီး ခုံမှာပဲထိုင်ကာ ဘာမှမလုပ်ဘဲနေနေလိုက်သည်..
" ဘယ်အချိန်တောင် ရှိနေပြီလဲ မသိဘူး.. "
ရိုးမယ် ထိုင်နေတာ အချိန်ဘယ်လောက်ထိ ကြာသွားတယ် မသိ.. နာရီ မဆောင်ထားတတ်တော့လည်း ဘယ်အချိန်ရှိနေပြီမှန်း မသိ ။
" ကောင်းရန်နိုင်ရှင်း ငါ့ကိုထားပြီး ဘယ်သွားပြန်တာလဲ မသိဘူး.. "
ရိုးမယ် အိမ်ရှေ့တံခါးပေါက်ဆီ ထွက်ကာ ခြံထဲဆင်းဖို့ တွေးရင်း အိမ်တံခါးဝဆီ လျှောက်လာလိုက်သည်.. ။
" ဂျလောက် ဂျလောက်... ဟမ် "
တံခါးစိရုံတင်စိထားခဲ့မှတ်လို့ တွန်းဖွင့်လိုက်တော့ ဖွင့်မရနေ.. ။
ဂျလန့်တွေများ ခံနေလားလို့ ထပ်ပြီး တွန်းလိုက်ဆွဲလိုက် လုပ်မိသည် ။
" ဘာလဲ.. ဘာလို့ဖွင့်မရတာလဲ "
ထပ်ပြီး အားနဲ့တွန်းမိလည်း ဖွင့်မရနေ.. ။
ŞİMDİ OKUDUĞUN
အနက်ရောင် ကောင်းကင် (Unicode)
Romantizm" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...