အနက်ရောင် ကောင်းကင်
🌸pann
Part (52)
" ........... "
ရိုးမယ် ဆရာမစာသင်နေတာကို စာအုပ်မှာအမှီလိုက်ကြည့်နေချိန် ဘေးမှာ ရုတ်တရက် ကြီးဝင်ထိုင်လာပြီးအနားအတော်လေး ကပ်လာတော့လန့်ပြီးကိုယ်ကိုယ်ကျုံ့မိရသေးတယ်.. ။
ဘယ်လူလဲမသိ.. ။
ရိုးမယ်စာအုပ်လေးကိုလက်နဲ့အသာအုပ်ကိုင်ပြီး ဘေးဘက်ကို ဆွဲလိုက်သလိုလူလည်းဘေးဘက်တိုးလိုက်သည်.. ။
အဲ့လူကဘေးလိုက်တိုးလာတဲ့ပြင် ရိုးမယ်လက်လေးပေါ်ထပ်အုပ်ကိုင်လိုက်တော့ လန့်ပြီးအော်မယ်အပြု လူကိုတွေ့လိုက်ချိန်အံ့ဩမှုနဲ့ ကြောင်နေရပြန်သည်.. ။
ဘေးမှာလာထိုင်တဲ့သူကတခြားသူမဟုတ်.. ရိုးမယ်လက်ထပ်ထားတဲ့ယောက်ျား ။
အာ့ကြောင့်သူ့နားကရတဲ့အနံ့မျိုးရနေပါတယ် မှတ်နေတာ ။
" နင်ဘယ်လိုရောက်လာတာလဲ.. "
အကျယ်ကြီးလည်း မမေးရဲ.. ။
သူ့အနားကပ် ခေါင်းလေးငုံ့ပြီးတိုးတိုးလေးမေးရသည်.. ။
" နောက်မှပြောမယ်.. သွားမယ် လာ "
" ဟင်.. ဘယ်ကိုလဲ ဆရာမစာသင်နေတယ်လေ "
" စာအုပ်တွေသိမ်းစမ်းပါ.. မြန်မြန်လုပ် "
" ဟင် "
ရိုးမယ်ကတော့ သူပြောတာနားမလည်လို့ တဟင်ဟင်နဲ့လုပ်နေမိပေမယ့် သူ့လက်တွေကတော့ဇယ်ဆက်ထားသလို စာအုပ်တွေနဲ့ပစ္စည်းတွေအကုန်သိမ်းနေပြီ.. ။
" လာ သွားမယ်.. "
" ဆရာမ ရှိ "
" ခေါင်းငုံ့လျှောက်လေ.. ဪ "
ဆရာမ ရှိနေတာကို ရိုးမယ်လက်ကိုသေချာဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ရိုးမယ်လွယ်အိတ်နဲ့စာအုပ်ညှပ်ကိုင်ထားတာ.. ။
ရိုးမယ်က ကြောင်တောင်တောင်ဖြစ်နေချိန် ရိုးမယ်ခေါင်းလေးကိုဖိကိုင်ထားပေးပြန်တယ်.. ။
ကိုယ်တွေကလည်း ငတက်ပြားလို ကုန်းကုန်းကွကွနဲ့.. ။
ဆရာမ whiteboard ဘက်လှည့်နေတုန်းမို့ မရိပ်မိလောက်ပေမယ့် အတန်းသားတွေကတော့ သို့လောသို့လောနဲ့လှည့်ကြည့်နေကြတာ.. ။
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...