Part (7)

2.6K 115 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (7)

" ဟော.. သမီး လာလေ "

ထမင်းစားပွဲဝိုင်းနဲ့ အလှမ်းကွာကွာကနေ လက်လေးယှက် ကိုယ်လေးကျုံ့ပြီးရပ်နေတဲ့ ရိုးမယ်လေးကို ဦးစည်သူနိုင် လှမ်းခေါ်လိုက်ရသည်..

" အဖေ သူ့ကိုဘာလို့ခေါ်နေတာလဲ.. "

ကောင်းရန်နိုင်ရှင်း ထမင်းဝိုင်းဘက်တိုးကပ်လာတဲ့ ရိုးမယ်ဘွဲ့ကိုမြင်တာနဲ့ အလိုမကျစွာပြောမိသည်..

" ထမင်းအတူစားကြရဖို့လေ.. "

" သားသူနဲ့ အတူမစားချင်ဘူး.. ဟဲ့ နင်မစားနဲ့ ငါတို့မိသားစုတွေပဲစားမှာ နင်ထွက်သွား "

" သား.. ဘယ်လိုပြောလိုက်တာလဲ ရိုးမယ်လေးကို ပြန်တောင်းပန်လိုက် "

" အဖေ့.. "

" ငါပြောနေတယ်နော်.. ကောင်းရန်နိုင်ရှင်း ပြန်တောင်းပန်လိုက်ဆို တောင်းပန်လိုက် "

" ကျွန်တော် ပြန်မတောင်းနိုင်ဘူး.. "

အဖေ့ဆီကနေ သားလို့တယုတယ ခေါ်ခံလာခဲ့ရပြီးမှ ဒီရိုးမယ်ဘွဲ့ရောက်လာမှ နာမည်တပ်ခေါ်ခံရတာလောက် နာတာမရှိ.. ။

" ကောင်းရန်နိုင်ရှင်း မင်းဘာလို့ပြောရတာ လက်ပေါက်ကပ်နေရတာလဲ.. အဖေက ခိုင်းနေရင်ခိုင်းတဲ့အတိုင်း လုပ် ပြန်အာခံဖို့ပဲမလုပ်နဲ့ "

" သူဒီဝိုင်းမှာထိုင်ရင် အမေနဲ့ကျွန်တော် ဒီဝိုင်းမှာမထိုင်ဘူး.. "

" မင်း.. "

" ဟို.. ဦး ဦး ဦးလေး ရိုး ရိုးမယ် ထမင်းမစားတော့ဘူး လို့ လာပြောတာပါရှင့် "

ရိုးမယ် ခေါင်းကိုငုံ့သထက်ငုံ့ပြီး ကြားဖြတ်ကာ တီးတိုးလေးပြောလိုက်မိသည်..

" သားပြောတဲ့စကားကြောင့်လား သမီး.. "

" သူ့သူစားစား မစားစားပေါ့ အဖေရာ.. လွှတ်ထားလိုက် ထမင်းမစားရဘဲ မသေနိုင်ပါဘူး "

" တော်စမ်း သား.. ကိုယ့်သူငယ်ချင်းကို ရိုင်းရိုင်းမပြောရဘူး "

" သူနဲ့ ကျွန်တော် သူငယ်ချင်း မဟုတ်ဘူး.. "

" အခုကစ သူငယ်ချင်း လုပ်ရမယ်.. "

အနက်ရောင် ကောင်းကင် (Unicode) Hikayelerin yaşadığı yer. Şimdi keşfedin