Part (15)

2.6K 102 1
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (15)

အချိန်တွေလည်း ကုန်တာမြန်သည်.. မျက်စိတစ်မှိတ်အတွင်း ရိုးမယ်တို့ တက္ကသိုလ်တွေတောင် တက်ရခါနီးလာပြီ.. ။

ဘယ်ကျောင်းမှာတက်ရမယ် ဘယ်ကျောင်းတတ်သင့်တယ်ကို ဆုံးဖြတ်ရွေးချယ်နေကြပြီလေ..

" ရိုးမယ်ဘွဲ့.. "

တက္ကသိုလ် လမ်းညွှန်ကို ဖတ်နေတုန်း အခန်းထဲ ဝင်လာတဲ့ ကောင်းရန်နိုင်ရှင်း.. ။

" နင်က တက္ကသိုလ်လမ်းညွှန် ဖတ်နေတာလား.. ဘယ်ကျောင်းတက်မို့ တွေးထားတာလဲ "

အထူးဆန်း လူကိုစကားကောင်းလာပြောနေတာလား.. ။

" ကြိုပြောထားရအုံးမယ်.. ငါ့အဖေပိုက်ဆံနဲ့ ကျောင်းကောင်းကြီးမှာ တက်ဖို့ တွေးနေတာရှိရင် ဖျောက်လိုက်တော့ "

ရိုးမယ် မျက်နှာတောင် အိုကျသွားရသည်..။

" နင့်ကို အခုထိကျောင်းထားပေးနေတာ ဘယ်သူ့ပိုက်ဆံတွေနဲ့လဲ.. နင်ရှက်တတ်ပြီး အားနာတတ်ရင် အဖေ့ပိုက်ဆံတွေနဲ့ ကျောင်းဆက်မတက်သင့်တော့ဘူးမလား "

ပါးကိုလာရိုက်တာမျိုး မဟုတ်ဘဲ စကားပြောနေတာ ဆိုပေမယ့် ရိုးမယ်ပါးကို ဖြန်းခနဲ ဖြတ်ရိုက်ချခံရသလိုပင်.. ။

" နင်ကျောင်းဆက်တက်ချင်ရင် နင့်အမေဆီ ပြန်သွားပြီး ကျောင်းထားခိုင်းပေါ့.. နင်ကငါတို့နဲ့ဘာမှမှ မဆိုင်နေတာ ဘာလို့နင့်အတွက် ကျောင်းစရိတ်ထုတ်ပေး နေရအုံးမှာလဲ "

ရိုးမယ် ပြန်ချေပဖို့စကားတွေတောင် ပျောက်ရှနေရတာ မဟုတ်ဘဲ လုံးလုံးပြောစရာစကားမရှိနေခဲ့တာပါ.. ။

" ငါ့အဖေပိုက်ဆံကို ဘယ်အချိန်ထိဖြုန်းချင်နေသေးတာလဲ.. "

" ငါ.. "

ရိုးမယ် စကားရှာပြီးပြောချင်လည်း ထစ်ငေါ့မိနေတာ.. ။

" နင့်အမေကို စရိတ်ခံခိုင်းလိုက်.. နင်ကျောင်းဆက်တက်ချင်ရင် "

သူကတော့ ပြောပြီးအခန်းထဲက ထွက်သွားပြီ..ရိုးမယ်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ကျန်ရစ်ခဲ့ရသည် ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now