အနက်ရောင် ကောင်းကင်
🌸pann
Part (37)
" အင်း.... "
ရိုးမယ် ကိုယ်လေးတွန့်လာပြီး ဖြေးဖြေးချင်း မျက်လုံးဖွင့်လိုက်သည်.. ။
မျက်လုံးနှစ်လုံး ပွင့်တာနဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင် ကိုရောက်နေပြန်ပြီ.. ။
" ဒါ ဘယ်နေရာပါလိမ့်.. "
ဒီနေ့တော့ နိုးထလာတာနဲ့ ခန္ဓာကိုယ်က အားအင်တွေ ရှိနေသလိုပါ.. အရင်နေ့တွေက အားအင်မရှိဘဲ ပျော့ခွေယိုင်ချင်နေတယ်လို့ ခံစားနေရတာ ။
ခံတွင်းလည်း မကောင်းနေ.. ခါးသက်နေတာပဲ ။
ခေါင်းလည်း ထိုးကိုက်နေပေမယ့် အရမ်းကြီးလည်းမဆိုးနေတော့ တော်ပါသေးတယ် ပြောရမယ်.. ။
" အင်း.. ဒါ ဘယ်နေရာပါလိမ့် "
ရိုးမယ် လက်လေးနဲ့ထောက်ပြီးအားပြုရင်း ထထိုင်ကာ ရောက်နေတဲ့အခန်းကို ပတ်ပတ်လည်လိုက်လေ့လာကြည့်မိသည်.. ။
ရိုးမယ် ကုတင်ကနေအသာလေးဆင်းချပြီး အခန်းပြင်ဘက်ကို ထွက်ကြည့်လိုက်သည် ။
အိမ်တစ်အိမ်လုံးက သန့်ရှင်းနေပေမယ့်လည်း ပစ္စည်းတွေ မရှိတော့အိမ်ကပြောင်ရှင်းနေတာ..။
" ဘယ်သူမှ မရှိဘူးလား.. "
ရိုးမယ် အိမ်ထဲကို အကြမ်းဖျင်းလောက်ပဲ ဝေ့ဝဲ ကြည့်ပြီး ခြံဝိုင်းထဲဆင်းလာလိုက်သည်.. ။
ခြံထဲမှာရပ်ထားတဲ့ ကောင်းရန်နိုင်ရှင်းရဲ့ကားတော့ တွေ့ပါတယ်.. ။
" အပြင်ထွက်သွားတာလား.. "
ဘာအသံမှမကြားရတော့ အပြင်များထွက်သွားသလားလို့ တွေးမိပြီး ခြံတံခါးဝကို လှမ်းကြည့်လိုက်သေးတယ်.. ။
" သော့ခတ်ထားတာပဲ.. "
အတွင်းမှာပဲ သော့ခတ်ထားတယ် ဆိုတော့ အိမ်ထဲမှာပဲ ရှိနေမယ်ထင်တယ်.. ။
ရိုးမယ် လိုက်ရှာမနေဘဲ ခြံထဲကိုပဲကြည့်နေတာ.. အပြင်ထွက်သွားရအောင်လည်း ခြံတံခါးသော့ခတ်ထားတော့ ထွက်မရ ။
ခြံထဲလည်း ခြောက်ကပ်ကပ်နဲ့ သစ်ပင်ပန်းမန်လည်းမရှိနေ.. ။
ESTÁS LEYENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...