Part (13)

2.4K 110 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (13)

ရိုးမယ် အန်တီပြောသလို တသွေမတိမ်း လိုက်လုပ်ခဲ့ရသည်.. ။

ဆံပင်ကိုရှေ့မှာပဲစုမချထားဘဲ နောက်မှာပဲချထားရသည်.. ခေါင်းကိုငိုက်စိုက်တတ်တဲ့ အကျင့်က နှစ်အကြာကြီးတွယ်ကပ်နေတဲ့ အကျင့်မို့အလွယ်လေးနဲ့ဖျောက်မရ..

အိမ်မှာ အန်တီ ဘယ်လောက် ပြောထားပြောထား ခြံအပြင်ရောက်သည်နှင့်အလိုလို ခေါင်းကငုံ့ထားမိနေတာ.. ။

ဒါတောင်အန်တီပြောလွန်းလို့ ခေါင်းအရမ်းငိုက်မစိုက်ထားဘဲ ခေါင်းငုံ့ရုံငုံ့ထားရုံလောက် အနေထားထိ ဖြစ်လာတာ..

မနက်ဆိုအစောထပြီး ဒေါ်ကြီးကိုကူညီရတယ်.. မနက်စာစားပြီးတာနဲ့ ကျောင်းသွားဖို့ပြင်ရပြန်သည် ။

ကျောင်းပြန်လာရင်  ဂိုက်ဆရာမနဲ့စာလုပ်ရသည်.. ဆရာမ ပြန်သွားတာနဲ့ဒေါ်ကြီးကိုကူညီရတယ် အန်တီရဲ့ဆေးသောက်ချိန်တိုင်း ဆေးတိုက်ဖို့ လည်း ရိုးမယ်ကပဲ တာဝန်ယူ ထားသည်..

အလုပ်တွေပြီးမှ စာတွေပြန်ကြည့်ရသည်.. ညဆယ်နာရီဆို အိပ်ရာဝင်ရသည် ။

ဒါပေမယ့်လည်း ညဉ့်သန်းခေါင်ယံရောက်ရင် အလိုလို နိုးလာတတ်ပြန်သည်..

ဒါပဲ.. ရိုးမယ်ရဲ့ နေ့စဉ်ဖြတ်သန်းနေမှုက ထွေထွေထူးထူးတော့မရှိနေ ။

ရိုးမယ်နဲ့အမေ မတွေ့ရတာ ငါးနှစ်ရှိနေခဲ့ပြီ ..ဒီကြားထဲ အမေနဲ့ရိုးမယ် အဆက်သွယ် မရခဲ့ရပါ။

အမေ ဘယ်မှာဘာတွေလုပ်နေလဲမသိဘူး..

အမေနဲ့တစ်ခါလောက်လေး ထပ်တွေ့လို့ရပါအုံးမလား.. ။

.

" ရိုးမယ်ဘွဲ့.. "

ကျောင်းကပြန်လာချင်း အိမ်ထဲခြေချရုံရှိသေးတယ်.. အန်တီရဲ့ခေါ်သံကြောင့် ရိုးမယ်ခြေလှမ်းတွေတောင် အယောင်ယောင်အမှားမှား ဖြစ်ရသည်

" ရှင်.. အန်တီ "

" ဒီကို လာခဲ့အုံး.. "

အန်တီ့အသံက ခါတိုင်းထက်ပိုမာနေသယောင်ပါ.. အမလေး ဘာများဖြစ်လို့ပါလိမ့် ရိုးမယ်ဘာအမှားလုပ်ထားမိပါလိမ့် ။

အနက်ရောင် ကောင်းကင် (Unicode) Donde viven las historias. Descúbrelo ahora