အနက်ရောင် ကောင်းကင်
🌸pann
Part (11)
" ဖျက်ဆီးပစ်နေတာ.. "
" ဘယ်လို "
အခန်းထဲမှာလည်း ပစ္စည်းတွေ ဖွာလန်ကျဲပြီး ရှုပ်ပွလို့.. ရိုးမယ်ဘွဲ့ကလည်း ကြမ်းပြင်မှာ အပုံလေးလဲထိုင်ကျနေတာ သားကလည်း ဒေါသတကြီးနဲ့ ပစ္စည်းတွေကိုဖျက်ဆီးနေတာ.. ။
ဘယ်ကနေဘယ်လို ဒီလိုတွေ ဖြစ်နေကြတာလဲ..
" သွားကွာ.. သွား "
ကျွန်မရှိနေတာတောင် သားက အခုထိ လုပ်နေသမျှကို ရပ်တန့်သွားတာမျိုး မရှိဘဲ ဝုန်းဒိုင်းကြဲနေတုန်း.. ။
" သား တော်ပြီ.. မလုပ်နဲ့ "
သားအပြုမူတွေ ရပ်တန့်ဖို့ ဒေါ်ကောင်းမျိုးမြင့် အရင်လုပ်ရသည်..
" သား တော်ပြီ.. "
ထပ်ပြီး အသံတုံးမြင့်ပြီး တားရသည်..
" သား တော်ပြီလေ.. "
အသံတုံးမြင့်ရသလို လက်ကလည်း သားရဲ့လက်ကိုလှမ်းဆွဲတားနေရသည်.. ။
" သား တော်တော့လို့ အမေပြောနေတယ်နော်.."
ခပ်မာမာအသံနဲ့ ဟောက်လိုက်မှ သားက လန့်ပြီးရပ်သွားသည်..
" ပြောစမ်း.. မင်းတို့နှစ်ယောက် ဘာဖြစ်နေတာလဲ သား မင်းကရောဘာလို့ ရိုးမယ်ဘွဲ့အခန်းထဲကိုရောက်နေရတာလဲ "
" ......... "
" ......... "
နှစ်ယောက်လုံးဆီကနေ အဖြေစကားမကြားရ..။
သားက မျက်စောင်းကြီးတထိုးထိုးနဲ့ ရိုးမယ်ဘွဲ့ကိုစိုက်ကြည့်ပြီး ပါးစပ်ကအပိတ်လျက်သား..
ရိုးမယ်ဘွဲ့ကလည်း လန့်ရှိန်မပြေသေးဘဲ အပုံလေးထိုင်နေရာကနေ တုတ်တုတ်မလှုပ်.. စကားပြောဖို့တောင် မေ့လျော့နေသလား မပြောတတ်ဘူး ။
" ကဲ ရိုးမယ်ဘွဲ့ အရင်ပြော.. ဘယ်ကနေဘယ်လို စဖြစ်တာလဲ "
" ဟို..ရိုး ရိုး မ ယ် "
အန်တီက ရိုးမယ်ကိုကြည့်ပြီး မေးခွန်းထုတ်လာတော့ ရိုးမယ်ဖြေဖို့လုပ်ရသည်..
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...