အနက်ရောင် ကောင်းကင်
🌸pann
Final part...
ကောင်းရန်နိုင်ရှင်း ကားရပ်တာနဲ့ မယ့်ကိုတွေ့ပြီ..။
ကျွန်တော့်အလာကိုစောင့်နေတာပေါ့လေ.. ။
တစ်ချက်ပြုံးလိုက်ရင်း ကားပေါ်ကဆင်းကာ မယ့်ဆီလျှောက်သွားလိုက်သည်..
မယ်ကလည်း ကျွန်တော့်ကိုမြင်တော့ ပြန်ပြုံးပြသေးတာ.. ။
သိလား.. လူတွေအများကြီးထဲမှာမှ ကိုယ့်တစ်ယောက်ထဲကိုပဲ ကြည့်ပြီး ကိုယ့်တစ်ယောက်ထဲပဲပြုံးပြတဲ့သူ ရှိတဲ့ခါ ခံစားရတဲ့ခံစားချက် ။
အနားရောက်ခါနီးလေး ကျွန်တော်လက်ကမ်းတော့ မယ်ကကျွန်တော့်လက်လေးထဲသူ့လက်ထည့်ပေးသည်လေ.. ။
သိလား.. ကိုယ့်လက်ကမ်းလိုက်တိုင်း ကိုယ့်လက်ထဲရောက်လာတဲ့လက်လေးကို ဖွဖွလေးပြန်ဆုပ်ကိုင်ရတဲ့ ခံစားချက် ။
" စောင့်နေတာ ကြာပြီလား.. "
" နည်းနည်းတော့ကြာပြီ.. ရှင်း ဒီနေ့ စာမေးပွဲဖြေတာအဆင်ပြေရဲ့လား "
ကျွန်တော်တို့ ဒုတိယစာသင်နှစ်တွက် စာမေးပွဲတွေဖြေနေရပြီလေ.. ။
ပြီးတော့ မယ်က ကျွန်တော်နဲ့အတော်လေး ရင်းနှီးလာပြီ.. နာမည်ကိုတောင်အဖျားဆွတ်ခေါ်လာတဲ့ထိလေ ။
သိလား.. တခြားသူကိုယ့်နာမည်ခေါ်တာထက် ကိုယ်ချစ်ရတဲ့သူက ကိုယ့်နာမည်လေးအဖျားဆွတ်ခေါ်တဲ့ခါ ခံစားရတဲ့ခံစားချက် ။
ဘဝတစ်လျှောက်လုံး ကိုယ်ပိုင်ဆိုင်ခဲ့ရတဲ့အရာအားလုံးထက် သူတစ်ယောက်လေးရှိရင်ကို အရာအားလုံးပြီးပြည့်စုံသွားပြီ.. ဆိုတဲ့ခံစားချက်။
ဒီလိုသူ့ပေါ်မရိုးနိုင်တဲ့ခံစားချက်တွေနဲ့ ရိုးမယ်ဘွဲ့ဆိုတဲ့ ကျွန်တော့်ဇနီးကို ကျွန်တော်သိပ်ချစ်သည်.. ။
" ကိုယ်ကဘယ်သူလဲ မယ်ရဲ့.. ရှင်းပါ ဒီစာမေးပွဲလောက်ကတော့ အေးဆေးပဲ မယ်ရော ဒီနေ့ဖြေနိုင်လား "
" ဖြေနိုင်တာပေါ့.. မယ် ပဲဟာ "
" အဟက်.. မယ်တောင် ကိုယ်နဲ့ပေါင်းမှ ဘဝင်တက်တတ်နေပါလား "
VOCÊ ESTÁ LENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...
