Part (42)

3K 108 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (42)

ရိုးမယ် ရှေ့နေရဲ့လိပ်စာကတ်လေးကို ကြည့်နေတာ ဘယ်အချိန်လောက်ရှိနေပြီမှန်းမသိတော့..။

စာတောင်မကြည့်ဖြစ်သေးပါ.. ကောင်းရန်နိုင်ရှင်း ရိုးမယ်ကိုလာကြိုတဲ့ချိန်ကတည်းက အခန်းထဲ အောင်းနေခဲ့တာ ။

စိတ်တွေလည်း မတည်ငြိမ်နေ.. အမေ့ဆီကိုပဲစိတ်ရောက်နေတာ ။

ရိုးမယ်အတွက် အမေလိုလေသေးမရှိ ပြင်ဆင်ပေးခဲ့တာ.. မျက်လုံးမှိတ်သွားတာတောင် ရိုးမယ်အတွက်ပဲ အမေ လုပ်ပေးခဲ့တာ ။

ဒါတောင် အမေ့ကို ရိုးမယ် တလွဲအမြင် တလွဲအကြည့်နဲ့ကြည့်မြင်ခဲ့မိသေးတာ.. အမေ့အပေါ် ကို ရိုးမယ် မထားသင့်တဲ့စိတ် ထားခဲ့သေးတာ ။

ရိုးမယ်.. ရိုးမယ် တောင်းပန်ပါတယ် အမေရယ်။

နောက်ဘဝကျ အမေ့သမီးအဖြစ် ရိုးမယ်နေခွင့်ရပါရစေ.. အမေ့သမီးအဖြစ် ရိုးမယ်ကိုလက်ခံပေးပါနော် ။

သမီးတစ်လှည့် အမေ့ကို လုပ်ကျွေးပြုစုစောင့်ရှောက်ပါရစေ..

.

ကောင်းရန်နိုင်ရှင်း အခန်းထဲဝင်ပြီး စိတ်ကို ချုပ်တည်းနေရသည်.. ။

ဒီနေ့စာမေးပွဲဖြေပြီးတာနဲ့ သူငယ်ချင်း တွေနဲ့တောင်အဖြေမတိုက်နိုင်ဘဲ တန်းထွက်လာခဲ့တာ.. ရိုးမယ်ဘွဲ့ ကို အမြန်ကြိုချင်ခဲ့တာ ။

ရောက်တော့ အရင်နေ့တွေလို ကျောင်းပေါက်ဝမှာစောင့်ရပ်မနေတော့ မပြီးသေးဘူး အောင့်မေ့ပြီး ကားထဲမှာပဲထိုင်စောင့်နေခဲ့တာ.. ။

ကားထဲမှာထိုင်နေရင်း မျက်လုံး ကစားပြီးလျှောက်ကြည့်တော့ မြင်နေရတဲ့အရိပ်လေးက တော်တော် ရင်းနှီးပါတယ်တွေးနေတာ.. ။

သေချာ စိုက်ကြည့်တော့ ရိုးမယ်ဘွဲ့.. သူနဲ့အတူထိုင်နေတဲ့ ကောင်တစ်ယောက် လည်းရှိသေးတယ် ။

ဘယ်ချိန်ကတည်းက သိလို့ ဆိုင်တောင်အတူထိုင်နိုင်တဲ့အဆင့်ရောက်သွားရတာလဲ.. ကိုယ် သူ့ဘေးနား မရှိလိုက်နဲ့ အချိန်ပိုင်းခြားလေးသူ့ဘေးကိုယ်မရှိရင် ကောင်တစ်ကောင် အမြဲသူနဲ့တွဲတွေ့နေရတယ်.. ။

အနက်ရောင် ကောင်းကင် (Unicode) Wo Geschichten leben. Entdecke jetzt