Part (48)

3.1K 106 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (48)

" မင်းကို ဒီနေ့လာတွေ့တာက အရင်ကအကြောင်းတွေ တစ်ကျော့ပြန်သတိရအောင် အတိတ်မြစ်ကိုပြန်တူးဆွနေဖို့မဟုတ်ဘူး.. "

ဘာအကြောင်းနဲ့လာတာပါလဲ လို့ ရိုးမယ်မမေးရဲ.. ။

ခေါင်းလေးငုံ့ထားမြဲငုံ့ဆဲ.. ။

" အရင်ကမင်းနဲ့ငါ ဘာအကြောင်းတွေပဲရှိခဲ့ရှိခဲ့ အခုချိန်မှာ မင်းကို ငါ့ချွေးမအဖြစ် ငါကိုယ်တိုင်လာပြီး မင်းကို လာကမ်းလှမ်းတာ.. "

" ရှင်.. "

ရိုးမယ် ထိတ်လန့်မိသွားရသလို အံ့အားလည်းသင့်မိသေးသည်.. ။

အန်တီ့ဘက်ကနေ ဒီမင်္ဂလာပွဲကို လုံးဝကန့်သတ်မယ်ထင်ထားခဲ့တာ.. ခုတော့ ရိုးမယ်ကြိုတင်ထင်ထားခဲ့သလိုမျိုး မဟုတ်ဘဲ ကိုယ်တိုင်လာကမ်းလှမ်းထားတာပါတဲ့ ။

" တော်တော် အံ့ဩသွားတာလား ရိုးမယ်ဘွဲ့.. "

" ဟုတ်ကဲ့ "

မဟုတ်ပါဘူး လို့ ခေါင်းရမ်းစရာအကြောင်းမှမရှိနေ.. ။

ဟုတ်ကဲ့လို့ ခေါင်းညိတ်ရတာပေါ့ ။

" အံ့ဩတာဖြစ်သင့်ပါတယ်.. ငါမှ မင်းကို လိုလားကြောင်းတစ်ခါမှ ထုတ်ပြဖူးတာမှမရှိတာ အတိတ်မြစ်ကို သတိရအောင် ခဏခဏပြန်လှန်နေတာမဟုတ်ပေမယ့် ငါတို့ဆက်ပြောရမယ့်စကားကအတိတ်နဲ့ ပတ်သက်နေသေးတော့ ပြောရအုံးမှာပေါ့ "

ဘာတွေများ ဆက်ရန်အကြောင်းတွေရှိသေးလို့ ဒီလိုစကားစလာတာ မသိပေမယ့် လူကြီးစကား အရင်ဆုံး နားထောင်သင့်တာမို့.. ရိုးမယ်နားထောင်ပေးဖြစ်သည် ။

" မင်းအမေ ဟန်နီသွေးကို အရင်ကတော်တော်ရွံခဲ့တယ်.. မိန်းမတစ်ယောက် က မကောင်းတဲ့အလုပ်ရွေးလုပ်လို့ အဖတ်မလုပ်ချင်ဘူး အရေးပါအရာလည်းမပေးချင်ဘူး.. အဲ့လိုမိန်းမတစ်ယောက်က ကိုယ့်ယောကျာ်းနဲ့မကင်းရှင်းတော့ ပိုအမြင်မကြည်သေးတယ်.. မင်းအမေကို တစ်ဖက်သတ် ပုဂ္ဂိုလ်ရေးအရ မုန်းတောင်မုန်းခဲ့သေးတာ အဲ့လိုတွေကြောင့်မင်းအပေါ် တစ်ချက်ကလေးတောင်မျက်နှာသာမပေးခဲ့တာပဲ.. အမေကို မုန်းတာနဲ့ပဲ မင်းအပေါ် လူကြီးတစ်ယောက်မပီသခဲ့ဘူး ငါ့စိတ်တွေကမင်းအပေါ်မလုပ်သင့်မှန်းသိပေမယ့် မင်းကိုမြင်တာနဲ့မင်းအမေကိုမြင်ယောင်သွားမိရော.. ငါဘယ်လောက် စိတ်ထိန်းထိန်း မသိလိုက်ခင်မှာပဲ မင်းကိုမြင်တာနဲ့ငါအလိုလိုအေးစက်သွားတာ .. မင်းနဲ့ငါ့သား အနေနီးပြီး တစ်ခုခု ဖြစ်သွားမှာ ငါသေမလောက်ကြောက်ခဲ့မိတယ် မင်းအမေနဲ့ ခမည်းခမက် မတော်ချင်ဘူး.. မင်းလိုမိန်းကလေးကိုငါ့သားဘေးမှာ မမြင်ချင်ဘူး အာ့ကြောင့်လည်း ငါတားနိုင်တာထက်ကိုပိုတားခဲ့တယ် သားနဲ့မင်းဝေးလေကြိုက်လေ သားကမင်းကိုအမြင်မကြည်လေ ငါသဘောကျလေပဲ.. သားက မင်းအပေါ်အနိုင်လိုနေတာကိုသိနေခဲ့လည်း မသိသလို ဖာသိဖာသာလေး ငါနေခဲ့တယ် "

အနက်ရောင် ကောင်းကင် (Unicode) Donde viven las historias. Descúbrelo ahora