Part (36)

3.2K 103 0
                                        

အနက်ရောင် ကောင်းကင်

🌸pann

Part (36)

ရိုးမယ် အသိစိတ်ဝင်လိုက် လွတ်သွားလိုက်နဲ့..။

ကောင်းရန်နိုင်ရှင်း ရိုးမယ်ကိုပွေ့ချီလိုက်တာသိသည်.. တစ်ယောက်ယောက်ကို နှုတ်ဆက်စကားဆိုနေတာလည်း ခံစားမိပေမယ့် ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲမသိနေ ။

လူကအားမရှိနေဘဲနုံးနေတော့ သူ့ရင်ခွင်မှာခေါင်းလေးမှေးအပ်ထားမိသည်..။

မျက်လုံးမှေးမိလိုက်တာနဲ့ အာရုံတွေက ဝေဝါးထွေပြားလာသည်.. အိပ်မက်စိတ်ကူးကမ္ဘာလိုလို လက်တွေ့အပြင်မှာလိုလိုနဲ့ ။

ကားကူရှင်မှာမှေးမှီကာ မျက်လုံးလေးပိတ်ပြီးလိုက်ရင်း တစ်ချက် တစ်ချက် မျက်လွှာပေးပင့်ကြည့်မိပါသေးတယ်.. ။

ကားတွေပြေးလွှားနေတာ မြင်ရသလို သစ်ပင်တွေကိုလည်း လွှားခနဲလွှားခနဲနဲ့ ဖြတ်ကျော်နေတာလည်းတွေ့မိသည် ။

နေအလင်းရောင်က တဖြေးဖြေး အနောက်ရပ်မှာပုန်းဖို့ ချောင်းနေတာလည်း ရေးရေးလေးမြင်နေရပါသေးတယ်.. ။

မျက်လွှာလေး ခဏဖွင့်ကြည့်ပေမယ့် တအောင့်အကြာမှာတော့ ပြန်ပြီးမျက်လုံးပိတ်ကာ ဆက်မှေးနေလိုက်ပါသည် ။

အဲ့အချိန်ကစ လောကကြီးနဲ့ရိုးမယ် ခေတ္တခဏအဆက်ပြတ်တောက်သွားသည်..

.

ငှားထားတဲ့ ခြံဝန်းရှေ့မှာ ကားကိုဖြေးဖြေးလေးအရှိန်သတ်ကာ ရပ်လိုက်ပါသည်.. ။

ကားရပ်လည်း ခြံဝန်းတံခါးကို ကိုယ်မှမဖွင့်ရင်လာဖွင့်ပေးမယ့်သူ မရှိတော့ ကိုယ်ကိုယ်တိုင်ကပဲ ကားထဲကနေဆင်းကာ သော့ဖွင့်ရသည်.. ။

သော့ဖွင့်ပြီး ခြံတခါးနှစ်ချပ်ကို ကားဝင်လို့ရတဲ့ထိ ခွဲဖွင့်လိုက်ပါသည် ။

ခြံတံခါး ဖွင့်ပြီးကားထဲပြန်ဝင်ထိုင်ပြီး ခြံထဲမောင်းဝင်လိုက်သည်.. ခြံထဲကားထိုးပြီးတာနဲ့ ကားထဲမှပြန်ဆင်းကာ ခြံတံခါးပြေးပိတ်ရသေးတယ်။

တော်တော် အလုပ်ရှုပ်တာပဲ.. ။

သော့သေချာခတ်ထားခဲ့ပြီး ကားဆီပြန်ရောက်သွားရပြန်ပြီ ။

အနက်ရောင် ကောင်းကင် (Unicode) Место, где живут истории. Откройте их для себя