အနက်ရောင် ကောင်းကင်
🌸pann
Part (21)
" ကျွန်တော်က ရိုးမယ်နဲ့သူငယ်ချင်း တကယ်ဖြစ်ချင်တာပါ.. ဟန်နေကတော့ ရိုးမယ်ရဲ့သူငယ်ချင်းဖြစ်ချင်နေတာတော့ မဟုတ်ဘူးဗျ သူ့ရည်ရွယ်ချက်က တခြား.. ကျွန်တော်နဲ့ မတူဘူး "
" ရှင်.. "
ဟန်နေရဲ့သူငယ်ချင်း ပြောတဲ့စကားက ဘာကိုပြောချင်နေမှန်း ရိုးမယ်မသိပါ..
ဟန်နေမှာရှိတဲ့ တခြားရည်ရွယ်ချက်ဆိုတာကဘာလဲ.. သူ ရိုးမယ်နား ဘာလိုချင်နေလို့ရောက်လာတာလဲ ။
ရိုးမယ် အတွေးများနေရပြီ..
" ဟိတ်ကောင်.. ဘာတွေလျှောက်ပြောနေတာလဲ "
ရိုးမယ် မျက်ဝန်းတွေက မေးခွန်းတွေကပ်ငြိနေပြီ.. လူကိုလည်း သို့လောသို့လောဆိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေပြီလေ ။
ထင်တယ် ထင်တယ်..ဒီကောင် ပြောတော့ မရှုပ်ပါဘူးလို့ အာမခံခဲ့ကတည်းက သံသယထားမိခဲ့လိုက်ရမှာ
အခုရောက်တာမှ ငါးမိနစ်မပြည့်သေးဘူး.. မီးစမွှေးပြီ ။
" ဘာလဲ.. ငါ ဘာလျှောက်ပြောနေလို့လဲ ဟုတ်တာမှန်တာပဲ ပြောတာ "
ပိုဆိုးပြီလေ.. မပြောစေချင်လို့ ပြန်ဖာနေမှပဲ ပိုပြီးပြောစေမိရတယ်လို့ ။
" ငနာ.. ပါးစပ်ပိတ်လိုက်တော့ ရိုးမယ်ဘာမှမဟုတ်ဘူးနော် ဒီကောင်က လျှောက်ပြောနေတာ နားယောင်မနေနဲ့ "
" ငါ ထိုင်ပြောနေတာပါကွာ.. ရိုးမယ် ရိုးမယ်လည်း မြင်တယ်မဟုတ်လား "
ရိုးမယ် ခေါင်းညိတ်ပြရမလို အသိမှတ်ပြုရမလို ရယ်ပြရတော့မလိုနဲ့ ကြောင်စီစီကြီးဖြစ်နေရသည်..
သူတို့သူငယ်ချင်းနှစ်ယောက်က ဘာဖြစ်နေတာလဲ.. တစ်ယောက်က ဘာကိုပြောချင်နေမှန်းမသိ နောက်တစ်ယောက်က မပြောရအောင် လိုက်ပိတ်ပင်နေတာ ။
တစ်ခုခုတော့ တစ်ခုခုပဲ..
" ဟန်နေက ရိုးမယ်နဲ့သူငယ်ချင်း မဖြစ်ချင်ဘူးလား.. "
ရိုးမယ် ဟန်နေရဲ့မျက်လုံးကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်.. ။
VOCÊ ESTÁ LENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...