Part (6)

2.9K 110 1
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (6)

ရိုးမယ် ခါတိုင်းကျောင်းဆင်းချိန် ရောက်တာနဲ့ ရိုးမယ်နဲ့အမေ နေတဲ့တိုက်ခန်းဆီ တန်းပြန်လာလိုက်သည်.. ။

စတုတ္ထတန်းအစိုးရစစ် စာမေးပွဲ လည်း နီးကပ်လာပြီ.. ရိုးမယ်တို့လည်း ခါတိုင်းရက်တွေထက် စာတွေ ဖိကြည့်နေရပြီ ။

ကျူ ရှင်တွေ စာကျက်ဝိုင်းတွေ သီးသန့်ကြီး မယူဖြစ်ပါ.. ရိုးမယ် ကျောင်းမှာပဲ သေချာကြည့်ခဲ့ရတယ် အမေက မထားပေးလို့မဟုတ် ရိုးမယ်မတက်ချင်လို့သာ အမြဲ ခေါင်းခါငြင်းခဲ့တာ ။

ရိုးမယ် သူစိမ်းတွေနဲ့ မနေရဲပါ.. ကိုယ့်ကိုယ်ကိုယ်အမြဲသိမ်ငယ်စိတ်ကြီးဝင်ကာ ကြောက်နေခဲ့ရတာမို့ ။

စကားလည်းမပြောရဲ.. အေးလေ တကယ်တမ်းကျ ရိုးမယ်စကားကောင်းကောင်း ပြောဖူးတာဆိုလို့ အမေနဲ့ ကြီးကြီးနှစ်ယောက်ပဲ ရှိတာ ။

ရိုးမယ်က အိန်ဂျယ် မဟုတ်တဲ့ အိမ်ကျယ်လေးသာ..

အိမ်မှာပဲ လွတ်လွတ်လပ်လပ် စကားပြောဆိုသည်.. အိမ်မှာပဲ ခေါင်းမော့မျက်နှာဖော် နေရဲသည်

ကျောင်းချိန်မှလွဲ အပြင်ကိုယောင်လို့တောင် ခြေလှမ်းမဆော့ခဲ့.. ။

သူများတွေ ဆော့နေကြတာကိုတော့ လိုက်ကာနောက်ကနေ ချောင်းကြည့်ခဲ့ဖူးရုံသာ..။

ရိုးမယ် ကိုယ့်အကြောင်းလေးကိုယ်တွေးနေရင်း ခေါင်းငုံ့လျှောက်လာလိုက်တာ အိမ်ကိုတောင် ရောက်ပေါ့.. ။

ရိုးမယ် တံခါးခေါက်တော့ ကြီးကြီးကလာဖွင့်ပေးသည်..

တစ်ခါတစ်ရံ ကျ ကြီးကြီးက အိမ်ကိုအစောရောက်လာတတ်တာပဲလေ...။

" ထမင်းချိုင့်ခြင်း ကြီးကြီးကို ပေးလေ.. "

ကြီးကြီးက လက်ကမ်းတောင်းနေတော့လည်း ရိုးမယ် မငြင်းဘဲပေးလိုက်ပါသည်..

ပြီးသည်နှင့် ရိုးမယ်အခန်းကိုလှမ်းဖို့ခြေရွယ်တော့.. အိတ်နှစ်အိတ်ကို တွေ့ရပြီ ။

ဘေးမှာ အမေကထိုင်နေတော့ ဘာအိတ်တွေလဲမမေးချင်တာနဲ့ ကိုယ့်အခန်းကိုယ်သာဝင်လိုက်သည်..

အနက်ရောင် ကောင်းကင် (Unicode) Donde viven las historias. Descúbrelo ahora