Part (20)

2.8K 95 3
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (20)

ရိုးမယ်နဲ့ဦးလေး လက်စွပ်နဲ့လည်ဆွဲ ဝယ်ပြီးတော့ ဆိုင်တစ်ဆိုင်မှာ တစ်ခုခုဝင်စားကြရအောင်တဲ့.. ။

ဦးလေးက စားကောင်းမယ့်ဆိုင်ရှိတယ်.. အဲ့မှာ လိုက်ကြွေးမယ်ဆိုပြီး ရိုးမယ်ကိုပါအပါ ခေါ်သွားသည်..

အရမ်းကြီးလည်း အလှမ်းမဝေးတဲ့ နေရာလောက်က ဆိုင်ကို ရိုးမယ်နဲ့ဦးလေး ရောက်လာခဲ့ပြီ..။

" သမီး လာ.. ဒီဆိုင်ကနေရာလည်း ကောင်းတယ် အစားသောက်ကလည်း စားလို့ကောင်းတယ် "

" ဟုတ်ကဲ့.. "

ဦးလေးက ရိုးမယ်ကို ဆိုင်အကြောင်းညွှန်းပြနေတဲ့အကြောင်းတွေ ပြောပြနေတာ.. ရိုးမယ်ကတော့ ဦးလေးဘေးနားမှာ ရို့ရို့လေးနဲ့ကပ်လျက်လျှောက်နေလိုက်သည် ။

ဒါပေမယ့် ကားကိုရပ်နားထားတဲ့ တစ်နေရာအရောက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့တစ်ယောက်ကြောင့် ရိုးမယ်ခြေလှမ်းတွေ တန်းတန့်သွားရသည်..

ဦးလေးကလည်း ရိုးမယ်မြင်သလိုမြင်သွားတယ် ထင်တယ်.. ရိုးမယ်လိုပဲ ခြေလှမ်းတွေ ရပ်နေတာ ။

" နောက်မှတွေ့တာပေါ့.. အွင်းပါ ဟင်းဟင်း "

နှုတ်ခမ်းနီရောင် လွင့်လွင့်လေး ဖြစ်သွားလောက်အောင် အလှဆုံး ပြုံးနေတဲ့ မိန်းကလေး တစ်ယောက်.. ။

အနောက်က နေရောင်လေးကပါ အလှတက်သထက်တက်အောင် စွမ်းဆောင်ကူနေသလားမသိ.. နေရောင်လေးတွေက သူ့ကိုယ်ပေါ်မှာဖြာကျနေလိုက်တာ ။

ဦးလေးအရွယ်လောက် ယောကျာ်း ကြီးတစ်ယောက်ကို လက်ချောင်းလေးတွေ လှုပ်ပြီးနှုတ်ဆက်နေလိုက်တာ..

အဲ့ယောကျာ်းကြီးတစ်ယောက်က ကားထဲမှာထိုင်ပြီး အပြုံးသီနေတာကိုလည်း ရိုးမယ်တို့သေချာမြင်နေရသည်.. ။

ကားတွေကြားထဲရပ်နေရာကနေ ရိုးမယ်တို့ဘက်လျှောက်လှမ်းလာတဲ့ သူ..

ဟုတ်တယ်.. သေချာတယ် ရိုးမယ်အမေပါ ။

အမေနဲ့မတွေ့တာကြာနေပေမယ့် ရိုးမယ်မှတ်မိနေပါသည်..

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now