တအနက်ရောင် ကောင်းကင်
🌸pann
Part (41)
ရိုးမယ်တို့ ကျောင်းတွေလည်း အတန်းချိန်မရှိတော့တာကြောင့် မသွားဖြစ်ဘဲအိမ်မှာပဲနေပြီးစာကြည့်ရပါသည်.. ။
စာမေးပွဲ က သိပ်မလိုတော့ဘူးလေ.. ။
ကောင်းရန်နိုင်ရှင်းနဲ့လည်း မနေ့ရှေ့တစ်နေ့ကတည်းက စကားမပြောဖြစ်ကြပါ.. သူလည်း သူ့သူနေတယ် ရိုးမယ်လည်းကိုယ့်ဖာသာကိုယ်နေနေလိုက်သည် ။
လုပ်စရာရှိတာတော့ လုပ်ထားပေးလိုက်တယ်..ရိုးမယ်တာဝန်ကျေကျေ လုပ်ပေးပါသည် ။
စာကြည့်ရတာလည်း ကြာတော့ ပျင်းလာသည်.. စိတ်ကမတက်ကြွနေပါဘူးဆိုမှ နေရောင်ကလည်းတောက်တောက်နဲ့ အပျင်းရောဂါပိုကြီးအောင် လုပ်ပေးနေသလားတောင် အောက်မေ့ရတယ် ။
စာလုံးတွေကြည့်ရင်း ကြည့်ရင်းနဲ့ပျင်းပျင်းလာတာ.. ။
" ဟူး... ဖြောင်း ဖြောင်း "
အသိစိတ်လေးပြန်ကပ်ရအောင် ပါးနှစ်ဖက်လုံး လက်ဝါးလေးနဲ့ ရိုက်ရသေးတယ်.. ။
နေရောင်ရယ်.. ဒီထက်ပိုပြီးမစူးရှ မတောက်ပါနဲ့တော့လား ။
စာကလည်း တစ်ဘာသာပြတ်ဖို့မနည်း ဖြတ်နေရသေးတာ.. အခုပျင်းပါပျင်းနေရင် ရိုးမယ်တော့ဒုက္ခပါပဲ ။
ကိုယ့်စိတ်ကိ်ုယ်ပြန်ထိန်းမတ်နေပေမယ့် စိတ်တော့ အတော်လေး ထိုင်းမှိုင်းနေတာ.. လန်းဆန်းတက်ကြွအောင် ဘယ်လိုများလုပ်ရမလဲနော်။
အိပ်ချင်လိုက်တာ.. ။
မျက်ခွံကလည်း လေး.. စိတ်လည်း မတက်ကြွ ။
တဖြေးဖြေး မျက်နှာလေးကစာအုပ်မှာအပ်ကျ မိနေပြီ.. ။
.
" ကျွန်တော်တို့ ပြန်မလာသေးဘူး အဖေ.. စိတ်မပူပါနဲ့ ကျွန်တော်လည်းရှိနေတာပဲ အဖေသာအမေ့ကို သေချာဂရုစိုက်ပေးပါ အမေ့ကိုလည်းပြောပေးပါ.. ကျွန်တော်အဆင်ပြေနေပါတယ်လို့ ဒါပဲနော် အဖေ "
အဖေက ထပ်ခေါ်ပြောနေလည်း ကောင်းရန်နိုင်ရှင်း ဆက်နားထောင်မနေတော့ဘဲ ဖုန်းသာချပစ်လိုက်သည်.. ။
ESTÁS LEYENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...