Part (46)

3K 95 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (46)

ကောင်းရန်နိုင်ရှင်း ကုတင်မှာ လူးလိမ့်နေမိတာ အကြိမ်ကြိမ်အခါခါ.. ငြိမ်သက်ပြီးတည်တည်လေးနေဖို့ စိတ်ကခွင့်မပြု ။

ရိုးမယ်ဘွဲ့ကို မနက်က သွားတောင်းရမ်းတာ.. သီတာဒေဝီထိပ်ထားက ခေါင်းချည်းခါလွှတ်နေတော့ ဒီကကောင်ရင်မှာအပူမီးတောက်လောင်နေတာ.. အခုမှ မျောက်မီးခဲကိုင်သလို ဖြစ်နေပြီ ။

ဒီကကောင် ချစ်ပါတယ် လို့ ရင်ဖွင့်တာတောင် မယုံနိုင်ပါဘူးတဲ့ မရွှေချောက.. ။

ရေမရှိတဲ့ကန်မှာ နှာခေါင်းဖော် သေပစ်လိုက်ချင်တော့တယ်..

ကိုယ့်အပူနဲ့ကိုယ် လောင်မြိုက်နေပါတယ်ဆိုမှ ဖုန်းကောလ်ကဝင်လာသည်.. ။

တောက်.. ကိုယ့်ဘာသာကိုယ်တောင် အေးဆေးမဆွေးရဘူး ။

စိတ်ထဲကနေကြိတ်ဆဲပြီး ဖုန်းယူကြည့်တော့ ဘယ်သာသနာဖျက်လည်းအောက်မေ့တယ်.. သုခဆိုတဲ့ကောင် ။

နာမည်ကသာ သုခ.. ကိုယ့်အတွက် တော့ အခုချိန် ဒုက္ခ လို့ပဲမြင်သည်

" ပြော.. "

စိတ်ကညစ်ထွေးနောက်ကျိနေတာမို့ စကားကောင်း မထွက် ။

" ဟ.. ဘယ်လိုဖြစ်လို့ လေစိမ်းဇွတ်တိုက်နေတာလဲ "

" သုခ ငါ့ကိုအရစ်ရှည်တဲ့စကားပြောနေမယ်ဆို ငါအချိန်မပေးနိုင်ဘူး.. ပြောစရာရှိတာဒဲ့ပဲပြော "

" အံမယ်.. လေသံကိုက မကြည်ဓာတ်အပြည့်ပါနေတယ် "

" ကျွတ် ရှည်ဆိုကွာ.. မင်း ပြောစရာ မရှိရင် ငါဖုန်းချလိုက်တော့မယ် "

စိတ်ကတစ်ဆစ်မပြောနဲ့ တစ်မီလီမီတာလောက်တောင် မရှည်ချင်နေပါ.. ဒါကို မိကျောင်းသားကလာလာကလိနေတာ ။

" ဟ.. နေပါအုံးကွာ မင်းကလည်း အခုငါနဲ့အတူ မွန်မြတ်နဲ့အလတ်ပါရှိနေတယ် မင်းထွက်လာခဲ့လိုက် "

" ငါ မလာတော့ဘူး.. မင်းတို့ဘာသာပဲ လည်ကြ"

" မင်းက အိမ်မှာပဲ ခွေလိမ်နေမလို့လား ဒါမှမဟုတ် မင်းမဟေသီဆီ သွားဖို့ကြံထားလို့လား "

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now