Part (4)

3.3K 112 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (4)

ကောင်းရန်နိုင်ရှင်း ဘောလုံးတစ်လုံးကို မြှောက်ကာပင့်ကာ ကန်ကာဖမ်းကာနဲ့ ဆော့ကစားရင်း ခြံဝန်းထဲဝင်လာသည်.. ။

ခြံဝန်းထဲမှာလည်း ခဏဘောလုံးကို ဆော့ ကစားပြီးမှ အိမ်ထဲ လှမ်း ဝင်တော့...

" မင်းကို မဟုတ်ပါဘူးလို့ ဘယ်နှခါ ငါပြောရမလဲ.. "

ကျယ်လောင်စွာ ထွက်လာတဲ့ အဖေ့အသံကြောင့် ကောင်းရန်နိုင်ရှင်း အိမ်တံခါးဝမှာတင် ခြေလှမ်းတန့်သွားရသည်.. ။

" ဒီလောက် လက်ပူးလက်ကြပ် မိနေတာတောင် ရှင်က ငြင်းရှင်နေသေးတာလား.. "

ဧည့်ခန်းမှာ အဖေနဲ့အမေ အော်ဟစ်ရန်ဖြစ်နေကြတာ.. ဒါ ပထမဆုံး အဖေနဲ့အမေ ရန်ဖြစ်စကားများတာမို့ လန့်လည်းလန့် ကြောက်လည်းကြောက်ရသည်.. ။

ဒီရက်ပိုင်းအတွင်း အဖေနဲ့အမေ အရင်လို ချစ်ချစ်ခင်ခင်လေး တရင်းတနှီး ပြောဆို ဆက်ဆံတာ မရှိကြမှန်း ရိပ်တော့ရိပ်စားမိခဲ့သည်..

အခုလို အော်ဟစ်စကားများကြမယ်လို့ တစ်ခါမှတွေးထင်ခဲ့ဖူးတာ မဟုတ်.. ။

တွေးထင်စရာလည်း ရှိမှမရှိခဲ့ဘဲလေ.. အခု ကောင်းရန်နိုင်ရှင်း အသက်ဆယ်နှစ်တင်းတင်း ပြည့်တဲ့နှစ်ထိ အဖေနဲ့အမေ အထစ်အငေါ့မရှိခဲ့ ။

ပျော်ရွှင်အေးမြတဲ့ မိသားစု ကမ္ဘာ လေးဖြစ်ခဲ့တာ.. ကမ္ဘာ ပေါ်မှာ အပျော်ရွှင်ရဆုံး မိသားစု ကိုပြလို့ပြောရင် ကောင်းရန်နိုင်ရှင်းရဲ့ မိသားစု လည်း ချန်ထားခဲ့လို့မရ ။

အဲ့လိုမိသားစုက အခုတော့ မှန်တစ်ချပ်လို အပ်ကြောင်းရာ ထင်လာမယ်လို့ ဘယ်သူထင်မှာလဲ..

" မင်းဘာလို့ အဲ့လောက် လက်ပေါက်ကပ်နေရတာလဲ.. ငါမဟုတ်ဘူးဆိုရင် မဟုတ်ဘူးပေါ့ သူများစကားတွေ လိုက်ပြီးနားယောင်နေရလား "

" ကျွန်မ သူများစကားတွေနဲ့တင် နားယောင်နေတာ မဟုတ်ဘူး.. ရှင်နဲ့အဲ့မိန်းမ အတူရှိနေကြတာကို ကျွန်မမျက်လုံးနဲ့တပ်အပ်တွေ့ခဲ့တာ ဘယ့်နှယ့်လူကြားသူကြားတောင် မရှောင်နိုင်ဘဲ ပွေ့ဖက်နေရတယ်လို့.. ရှင်တို့အတော် အရှက်နည်းများပါလား ရှင့်ဂုဏ်ရည်ဂုဏ်သွေးနဲ့မှ မလိုက်  မိန်းမပျက်တစ်ယောက်ရဲ့ ပိုက်ကွန်မိရတယ်လို့.. "

အနက်ရောင် ကောင်းကင် (Unicode) Donde viven las historias. Descúbrelo ahora