Part (10)

3.3K 103 0
                                        

အနက်ရောင် ကောင်းကင်

🌸pann

Part (10)

ရိုးမယ် အဖျားတွေ ပိုတက်လာရသည်.. ဆရာဝန်က ဆေးတွေနဲ့အားရှိအောင် အထောက်ပံ့ပေးပေမယ့် ရိုးမယ်အခြေနေက ပိုဆိုးခဲ့တာက ညကအမေနဲ့စကားပြောပြီး ကတည်းက ပိုဆိုးခဲ့တာ.. ။

စိတ်ထောင်းလို့ကိုယ်ကျေ ပြီး အဖျားရှိန်တွေတက် ခေါင်းတွေ အရမ်းထိုးကိုက်ကာ မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး အိပ်ရာထဲကနေမထနိုင်တဲ့ ထိဖြစ်ခဲ့ရသည်..

အခုမနက်ထိ ခေါင်းတောင်မဖော်နိုင်သေး.. မနေ့ကထက်ကို ပိုပြီးအားအင်နုံးချိနေခဲ့ရပြီ ။

" ကလေးမ ကလေးမ.. "

ပခုံးကို အသာလှုပ်ကိုင်ပြီး နှိုးနေတဲ့အသံသဲ့သဲ့လေး ကြားရတော့ ရိုးမယ်အားယူပြီးမျက်လုံးဖွင့်ကြည့်မိသည်.. ။

" ဆရာရောက်နေပြီ.. ဆေးသွင်းမလို့တဲ့ "

" ဟင့် အင်း.. ရိုးမယ် မသွင်းချင်ဘူး "

အသံလေး တိမ်တိမ်နဲ့ခေါင်းကိုဖွဖွရမ်းခါနေတဲ့ ရိုးမယ်ကြည့်ပြီး ဘေးကလူတွေတောင် အားအင်ပြတ်သလိုခံစားနေရပြီ.. ။

" သမီး.. ဆေးမသွင်းလို့မရဘူး ဆေးပုလင်းချိတ်မှရတော့မယ် သမီးကျောင်းစာမေးပွဲလည်း သဘက်ခါဆို ရောက်ပြီလေ နေကောင်းမှရမှာပေါ့ "

စိုးတင့် ကုတင်မှာ နွဲ့နွဲ့လေးလှဲအိပ်နေတဲ့ ကလေးမကို ကြည့်ပြီး စိတ်မချမ်းသာစွာတီးတိုးပြောရသည်..

" နေကောင်းမှရမှာပေါ့.. သမီးစာတွေလည်း ပြန်ကျက်ရအုံးမယ်လေ မဟုတ်ဘူးလား "

ဒီလိုပြောတော့လည်း ဟုတ်နေပြန်တာမို့ ရိုးမယ်အသာငြိမ်လိုက်ရပြန်သည်.. ။

ဒါပေမယ့် ရိုးမယ် အတွက် စာမေးပွဲဆိုတာက အရေးပါတော့သည်လား.. အားလုံးရဲ့အပယ်ခံဖြစ်နေတဲ့ ရိုးမယ်အတွက် နေရာလည်းမရှိဘူး သွားစရာလည်းမရှိဘူး လာလမ်းလည်းမရှိဘူး..

ရိုးမယ်အတွက် စာမေးပွဲ ဆိုတဲ့အရာကလိုနေသေးသည်လား.. ။

" ဆေးပုလင်းချိတ်ပေးမယ်နော်.. "

အနက်ရောင် ကောင်းကင် (Unicode) Место, где живут истории. Откройте их для себя