Part (28)

3K 101 3
                                        

အနက်ရောင် ကောင်းကင်

🌸pann

Part (28)

ဦးလေးနဲ့ဒေါ်ကြီးက အမေ့စျာပနပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်လုပ်နေကြပြီ.. ။

ဘေးပတ်ဝန်းကျင်အသိတွေကို ဖိတ်ဖို့ဖိတ်စာကို ဦးလေးကပဲသွားရိုက်ပေးသည် ။

ဒေါ်ကြီးကတော့ ရပ်ကွက်လူကြီးတွေနဲ့ဘေးတိုက်ခန်း သားချင်းတွေကိုလိုက်ပြီးအသိပေးဖို့ထွက်သွားသည်.. ။

ရိုးမယ်ကတော့ အမေ့ရဲ့ဘေးနားမှာ ကျောက်ရုပ်လေးအတိုင်း ထိုင်နေတာ.. အမေတကယ်သေသွားပြီဆိုတာ ရိုးမယ်လက်မခံနိုင်သေး ။

အမေနေမကောင်းဘူးဆိုတာ သာမန်ဖျားနာရုံလောက်ပဲထင်ထားခဲ့တာ.. အခုလို အခြေနေဆိုးမယ်လို့မထင်ထားခဲ့ဘူး ။

ဒီလိုမှန်းသိရင် အမေ ရိုးမယ်ကိုတွေ့ချင်တယ်လို့ ပြောကတည်းက ရိုးမယ်လာတွေ့ခဲ့မှာပေါ့..

အခုတော့ ရိုးမယ်အမေ့ရဲ့နောက်ဆုံး မျက်လုံးမှိတ်ချိန်လေးတောင် မမှီခဲ့ရဘူး.. ရိုးမယ်အမေဆုံးပြီကြားတော့ ရိုးမယ်ခြေလက်တွေရိုက်ချိုးခံလိုက်ရသလိုပင် ။

အမေမရှိ အမေမသိ ဆွေချင်းသားချင်းဆိုတာလည်းကင်းမဲ့.. လောကကြီးအလယ်မှာ ရိုးမယ်တစ်ကောင်ကြွက်ဂုဏ်ပုဒ်ကို ထပ်ဆွတ်ခူးနိုင်ခဲ့ပြန်ပြီ ။

သွားပြီ.. အခုကစ ရိုးမယ်မှာဘာဆိုဘာမှမရှိတော့ပါ ရိုးမယ်တစ်ယောက်ထဲ ဘယ်လိုဆက်နေသွားရတော့မှာလဲ ။

ဘယ်လိုခွန်အားမျိုးနဲ့ အားတင်းထားနိုင်အုံးမှာလဲ..။

" မယ်.. ကံကိုမယုံနဲ့ ယောကျာ်းတွေကိုမယုံနဲ့ "

အဟွန့်.. အမေပြောတဲ့လက်ဆောင်နှစ်ခုလုံးကို ရမယ့်ရတော့လည်း တစ်ပြိုင်နက်တည်းပဲလား ။

အခုလိုအမေ ရုတ်တရက် သေမယ်လို့ရိုးမယ်မထင်ထားခဲ့ဘူး.. ဟန်နေကိုလည်း အဆုံးမဲ့ယုံမိခဲ့သေးတာ ။

အမေကဒါတွေကိုကြို မြင်နေခဲ့တာလား..

ဒါတွေ ကြို မြင်နေခဲ့လို့ လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်ကတည်းက ရိုးမယ်ကိုလက်ဆောင်အဖြစ်ပေးတာပေါ့.. ။

အနက်ရောင် ကောင်းကင် (Unicode) Opowieści tętniące życiem. Odkryj je teraz