Part (29)

2.5K 81 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (29)

ဆေးရုံကုတင်မှာ အခုထိမေ့မျောအိပ်ပျော်နေတဲ့ အမေ့ဘေးနား ကောင်းရန်နိုင်ရှင်း ထိုင်ပြီးအမေ့မျက်နှာလေးကို ကြည့်နေမိသည်.. ။

အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး ဆိုပေမယ့် လူနာကို စိတ်ချမ်းသာအောင် ထားဖို့အထူးကြပ်မတ်မှာကြားခံထားရသည်.. ။

ဒီညတော့ လူနာစောင့်ကိုကောင်းရန်နိုင်ရှင်း တစ်ယောက်ထဲပဲ တာဝန်ယူထားတာ.. ဒေါ်ကြီးနဲ့ဦးကျော်စိုးကိုတော့ အိမ်မှာပဲ အိမ်စောင့်တာဝန်ပေးအပ်လိုက်သည် ။

ကောင်းရန်နိုင်ရှင်း အမေ့ကိုစောင်သေချာပြန်ခြုံပေးရင်းနဲ့ အမေ့ခြေဖဝါးကိုကြည့်မိတယ်..။

" ဒေါ်ကြီး အမေ့ဖိနပ်မတွေ့မိဘူးလား "

" အဲ.. အဲ့ဒါက မပါလာတာ.. သားရဲ့ "

" ဗျာ.. "

" အိမ်ပြင်ကိုဖိနပ်မစီးဘဲ ပြေးထွက်သွားတော့ မပါလာတာ.. "

အမေ့ခြေဖဝါးလေးကို လက်နဲ့ဖုန်သဲလေးတွေ ခါပေးမိတယ်.. ။

အဖေ့ကိုလိုက်ခေါ်နေခဲ့တာတဲ့လား.. ။

အဖေကတော့ အမေ့ကိုစိတ်မဝင်စားဘူးထင်တယ်.. အခုထိ မျက်နှာလာမပြသေးဘူး ။

ကျွန်တော်အဖေ့ကို အတော်လေးစိတ်နာချင်နေပြီ အမေ.. ။

ကျွန်တော်စိတ်ဆိုးပြီး အဖေ့ကိုမလိုဘူးပြောပေမယ့် မျက်နှာလေးတော့ လာပြပေးစေချင်သေးတယ်.. အခုတော့ အဖေက ကျွန်တော်တို့ကိုပစ်ထားခဲ့ပြီ ။

ဒါပေမယ့် အမေမစိုးရိမ်ပါနဲ့..အမေ့ဘေးနားမှာသားအမြဲရှိနေပေးမယ် ။

ကောင်းရန်နိုင်ရှင်း ဘေးထိုင်ခုံမှာထိုင်နေရင်းနဲ့ အမေ့ပခုံးပေါ်မှာခေါင်းလေး အပ်ကာအမေ့ကိုဖက်ထားမိသည်..

.

ရိုးမယ် အမေ့ရဲ့စာအုပ်လေးကိုတစ်ရွက်ပြီးတစ်ရွက် လှန်ဖတ်ကြည့်မိသည် ။

ရိုးမယ်ကိုလောကကြီးအလယ်မှာ ထားခဲ့ဖို့စိတ်မချတဲ့အကြောင်း ၊ တစ်ယောက်ထဲနေရလည်း စိတ်ပျက်အားမငယ်ဘဲ ကြိုးစားနေထိုင်ရမယ်ဆိုတဲ့အကြောင်း ၊ အမေမရှိတော့လည်း ဦးလေးတို့နဲ့အတူဆက်နေရမယ်ဆိုတဲ့အကြောင်း စုံစုံလင်လင် ထောင့်စေ့မှာသွားတဲ့စာတွေ ဖတ်ရင်းရိုးမယ် မျက်ရည်တွေ ကျနေမိသည်.. ။

အနက်ရောင် ကောင်းကင် (Unicode) Where stories live. Discover now