အနက်ရောင် ကောင်းကင်
🌸pann
Part (50)
ဘာလိုလိုနဲ့ ဒီနေ့ရက်လေးရောက်လာခဲ့ပြီ..။
ရိုးမယ်နဲ့ကောင်းရန်နိုင်ရှင်း လက်ထပ်ရမယ့်နေ့လေးရောက်ခဲ့ပြီ.. ။
ခန်းမထဲမှာ မင်္ဂလာချိန်မရောက်ခင်အချိန်လေးထိ ပြင်ဆင်နေကြတဲ့သူတွေ.. ။
လူကြီးတွေကလည်း အစောကြီးပြင်ဆင်ထားကြပြီး လိုအပ်တာလေးတွေ စီစစ်နေသည်..။
နောက်ကွယ်နားမှာ ကျွေးမွေးရမှာတွေ သေချာပြင်ဆင်နေကြပြီ.. ။
ရိုးမယ်နဲ့သူလည်း ဖြီးလိမ်းပြင်ဆင်နေရသည်..။
ရိုးမယ်ကမိန်းကလေးမို့ ပြင်ဆင်တာတော်တော်နဲ့မပြီးသေး.. ။
သူကတော့ အချိန်သိပ်ကြာကြာမယူလိုက်ရ..ပြင်ဆင်ပြီးနေပြီ ကြားတယ် ။
ရိုးမယ်နဲ့မွန်မြတ်က မိတ်ကပ်ပြင်ဆင်ကြတဲ့နေရာကတစ်ခန်း.. ။
သူနဲ့သူ့သူငယ်ချင်းနှစ်ယောက်က ပြင်ဆင်ကြတာတစ်ခန်း.. ။
ဘေးကပ်ရပ်မို့ အနည်းကျဉ်းတော့ အသံတွေကြားနေရသည်.. ။
" ဟျောင့် ရှင်း.. မှန်ရှေ့ကနေ ဖယ်တော့ကွာ "
" အေးလေကွာ.. ဘယ်ချိန်ထိ အရှေ့ကနေကာနေမှာလဲ "
" မင်းတို့က ကြည့်စရာဘာလိုလို့လဲ.. ဒီပွဲက ငါ့ပွဲ မင်းတို့ပွဲမဟုတ်ဘူး ရှိုးထုတ်ချင်ရင်ကိုယ့်ပွဲမှကိုယ်ထုတ် "
" အံမာ.. လာပြီးမောင်ပိုင်တပ်နေသေးတယ် သူ့ပွဲငါ့ပွဲလာလုပ်မနေနဲ့ ဘယ်ပွဲဖြစ်ဖြစ်ကိုယ်အချောဆုံးဖြစ်ဖို့က အဓိက "
" ဟုတ်တယ်.. ငါတို့လည်း ဒီပွဲမှာ ရှာကြည့်ရင်ရှာရအုံးမယ် "
" ရမှာမဟုတ်ဘူး ရှာမနေနဲ့.. မင်းတို့ရှာလို့ရအောင် ဘယ်မှာလဲ မိန်းကလေး မင်းတို့ လက်စွပ်ဗန်းကိုင် လုပ်ရမှာမေ့နေပြီလား.. သတို့သားရံမဟုတ်ဘူး "
" သိပါတယ်.. မင်းညစ်သွားမှန်း "
" မင်းပွဲဆိုပြီး သပ်သပ်ငါတို့ကို lesson ပေးတာ.. သတို့သမီးအရံလေး သူငယ်ချင်း အတွက် ရှာလို့ရတယ်သားနဲ့ ရှာမပေးကတည်းက မင်းအကြံတွေသိနေပြီ "
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...