အနက်ရောင် ကောင်းကင်
🌸pann
Part (35)
ကောင်းရန်နိုင်ရှင်း လူရှင်းတဲ့နေရာလေးမှာ ကားထိုးရပ်ထားလိုက်တာ မနက်ဝေလီဝေလင်းအချိန်ကတည်းကပဲ.. ။
နေမထွက်ခင် မှုန်ရီမှုန်ပြအချိန်လေးမှာ အားကစားလုပ်နေကြတဲ့သူ တစ်ယောက်စနှစ်ယောက်စ တွေ့ပါသည် ။
ကိ်ုယ်လည်းကားထဲမှာချည်း နေနေရတော့ စိတ်တွေထွေလာတာမို့.. မနက်လေလေးရှူ ရှိုက်ဖို့ ကားထဲကနေဆင်းကာ လေတဝကြီးရှူ ရှိုက်သွင်းလိုက်ရင်း ခါးဘယ်ညာချိုးလိုက်ပါသေးတယ် ။
လက်နှစ်ဖက်လုံးကို ကွေးလိုက်ဆန့်လိုက် မိနစ်ပိုင်းလောက် ကစားပြီး ခြေထောက်တွေကိုလှုပ်ရှားနေလိုက်သည်.. ။
ကားဘေးနားမှာပဲ နေရာ မရွေ့ဘဲပြေးနေရတယ်.. အဝေးကြီးလည်းမသွားနိုင် ကားထဲမှာ ရိုးမယ်ဘွဲ့ကအိပ်ပျော်နေတုန်းရှိသေးတာမို့ စိတ်ချချနဲ့မထားခဲ့နိုင် ။
" အု အား.. "
နေရာမှာတင်မရွေ့ဘဲ လေ့ကျင့်ပေါင်းစုံ လုပ်နေလိုက်တာ.. နေတောင်ပွင့်လာတဲ့ချိန်ရောက်လာပါပြီရော ။
လူလည်း ချွေးစတွေထွက်လာပြီး သွေးလည်းပူလာပြီဆိုတော့ လေ့ကျင့်ခန်းလုပ်တာနားလိုက်ပါသည်..။
ကားထဲပြန်ဝင်မထိုင်သေးဘဲ ကားပြတင်းပေါက်ကနေ ခေါင်းလေးဝင်လက်လျှို သွင်းပြီး ဂီယာဘေးနားကရေသန့်ဘူး ကိုလှမ်းယူလိုက်ပါသည်.. ။
" ဂလု ဂလု ဂလု... "
လေ့ကျင့်ခန်း လုပ်ထားတော့ ချွေးတွေထွက်ရေဓာတ်လျော့ပါးနေတာကြောင့် မရပ်မနား မော့သောက်လိုက်သည် ။
သောက်ပြီး ကားထဲပြန်ထားမယ်လုပ်တော့ မျက်လုံးအကြည့်က ရိုးမယ်ဘွဲ့ဆီရောက်မိသည်..။
မနက်ခင်းတောက်ပနေတဲ့ ပုဇွန်ဆီရောင်ဖျာကျလာတဲ့ အလင်းရောင်လေးက ကားထဲမှာ တရေးတမောအိပ်မောကျနေတဲ့ ရိုးမယ်ဘွဲ့ပေါ်ကျရောက်နေတာ.. ။
မျက်နှာလေးကို နေအလင်းရောင်နွေးနွေးလေးက ကျလာတော့ တစ်ဖက်ကိုခေါင်းလေးစောင်းလာပါသေးတယ်.. ။
VOUS LISEZ
အနက်ရောင် ကောင်းကင် (Unicode)
Roman d'amour" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...