အနက်ရောင် ကောင်းကင်
🌸pann
Part (25)
ရိုးမယ်လက်ကို ကောင်းရန်နိုင်ရှင်းနဲ့ဟန်နေက တစ်ယောက်တစ်ဖက်စီ ဆွဲထားပြန်ပြီ..။
" လာ.. ပြန်မယ် "
" အ့.. "
ရိုးမယ်ရဲ့လက်ကိုဆွဲကိုင်ထားရင်းကနေ ထပ်အားထည့်ဆွဲခေါ်နေတဲ့ ကောင်းရန်နိုင်ရှင်းကြောင့် ရိုးမယ် ကောင်းရန်နိုင်ရှင်းအနီးနားကိုတိုးသွားရသည်.. ။
" နေအုံး.. ပြောစရာတွေမပြီးသေးဘူး "
" အ့ "
ဟန်နေကပါ ရိုးမယ်ကို အားနဲ့ပြန်ဆွဲပြန်တော့ ရိုးမယ်ကိုယ်ကြီးက ဟန်နေဘက်တစ်ခါရောက်သွားရပြန်သည်.. ။
" လာ.. "
" နေအုံး.. "
" လာ.. "
" နေခဲ့ "
" လာ.. "
တစ်ယောက်က လာ..တစ်ယောက်က နေခဲ့နဲ့ ။
သူတို့နှစ်ယောက်ကြား ရိုးမယ်ကိုယ်လေးကသူ့ဘက်ပါ ကိုယ့်ဘက်ပါသွားနဲ့.. လက်တွေလည်း နာနေပါပြီ ။
ဒီနှစ်ယောက်က ဘာလို့ ရိုးမယ်ကိုအခုလိုလုပ်နေကြမှန်း နားမလည်ပါ..
ဖြတ်သွားဖြတ်လာ ကျောင်းသူကျောင်းသား တစ်ချို့တောင် ရိုးမယ်တို့သုံးယောက်ကို သို့လောသို့လောနဲ့ကြည့်နေကြပြီ.. ။
ဒီလို လူအများအာရုံစိုက်ခံနေရတဲ့ အဖြစ်မျိုး ရိုးမယ်မကြိုက်ပါဘူး.. အေးဆေး လူမသိသူမသိဘဲနေချင်တာ ။
နေရခက်လိုက်တာနော်..
" ငါ့လက်နာနေပြီ.. "
သူလုငါလုနဲ့ လုယက်နေကြတာက ကြားထဲကရိုးမယ်ပဲ အထိနာရတာ..။
" ........ "
ရိုးမယ် လက်နာနေပြီပြောတော့ နှစ်ယောက်လုံး သူ့ဘက်သာ ကိုယ့်ဘာသာအောင် ရိုးမယ်ကိုဆွဲခေါ်တာမျိုး မလုပ်တော့ပါ.. ။
လုံးဝကြီးလွှတ်ပေးလိုက်တာမျိုးလည်း မဟုတ်ဘူး.. ရိုးမယ်လက်ကို နှစ်ယောက်သား တစ်ယောက်တစ်ဖက်စီ ဆုပ်ကိုင်ထားနေဆဲပဲ ။
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...