-1-

19.5K 1K 54
                                    

ဝင်ကစွပ်လေးတွေကရှက်တတ်တယ်လို့ထင်လား? ကျွန်တော့်ဝင်ကစွပ်လေးကသိပ်ရှက်တတ်တယ် ။ ယုံကြည်မှုမရှိတာလည်းဖြစ်နိုင်တယ် ။

အလယ်တန်းအရွယ်ထဲက အဖိုးအဖွားတွေနဲ့အတူပြည်ပမှာသွားနေတဲ့သူ့အဖို့တရုတ်မြေက
စိမ်းသက်လို့နေသည် ။ ငယ်သူငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်ခဲ့ပေမဲ့ ပြန်ရောက်ထဲက သူအပြင်မထွက်ဖြစ်ခဲ့ ။

သုံးရက်လောက်စိတ်လွတ်လက်လွတ်အိပ်ပြီး ဝရံတာမှာထွက်ငေးမိတဲ့အချိန်ကျွန်တော့်ဝင်ကစွပ်လေးကိုစတွေ့ခဲ့ရတာပါပဲ ။ ထိုနေ့က အပူချိန်အတော်လေးမြင့်နေခဲ့တာမို့ရိပေါ်အဝတ်တောင်မကပ်နိုင်ဘူး ။ တစ်ဖက်ပြတင်းဝမှာ ကုပ်ကုပ်လေးမုန့်စားနေတဲ့ကောင်လေးကတော့ လက်ဖျားသာပေါ်တဲ့ အနွေးထည်ထူထူကြီးကိုဝတ်ရင်း တစ်ယောက်ထဲကွက်အေးနေခဲ့ပုံ ။ အနောက်ကခွေးတစ်ကောင်ရောက်လာတဲ့အခါတုန်လှုပ်သွားတဲ့ပုံလေးကိုကြည့်ရင်း ရိပေါ်တွန့်ခနဲပြုံးလိုက်မိတယ် ။

ခွေးနဲ့အပေးအယူလုပ်နေတဲ့ကောင်လေးက မျက်နှာလေးမဲ့နေပြီးခွေးကိုဘာဂါတစ်ဝက်ခွဲပေးတယ် ။ သူကနောက်မှာရောက်နေတဲ့အမျိုးသမီးကိုသတိထားမိပုံမရသေး ။

ထို့နောက်ရိပေါ်မျက်စိရှေ့မှာပင်ထိုကောင်လေးနားရွက်ဆွဲခေါ်ခံသွားရတာတွေ့တော့မျက်မှောင်ကျုံ့လိုက်မိတယ် ။

ရိပေါ် Weed Candy ကိုဝါးရင်းစောင့်နေတုန်း မျက်ရည်ဥလေးတွေနဲ့တရှုံ့ရှုံငိုရင်းပြန်လာထိုင်တဲ့ကောင်လေးကအတော်ဝမ်းနည်းနေပုံပါပဲ ။ သူက ရွှေအိုရောင်ခွေးကြီးကိုဖက်ထားရင်း ကလေးတစ်ယောက်လိုငိုနေခဲ့တာ ။

ရိပေါ်စချင်စိတ်ထိန်းမရတော့ ။ လေအသာချွန်ရင်းခေါ်လိုက်တော့ ကောင်လေးကမျက်ရည်တွေအမြန်သုတ်ပြီးဟိုကြည့်ဒီကြည့်နဲ့ လိုက်ရှာနေတယ် ။ ရိပေါ်ကို​မြင်တော့နှုတ်ဆက်ရမဲ့အစားပြတင်းဘေးကိုဝင်သွားတာလှစ်ခနဲ ။ အပေါက်လေးကချောင်းကြည့်နေတာလည်းမြင်ရတော့ ရိပေါ်မျက်ခုံးပင့်သွားတယ် ။ မတိမ်းမယိမ်းသူငယ်ချင်းအရွယ်ကို​မြင်တာပြေးပုန်းစရာလိုလို့လား ။ ကောင်မလေးလည်းမဟုတ်  ။

-BOYS-Where stories live. Discover now