-21-

5.7K 782 93
                                    

ရိပေါ်ရဲ့ အရိပ်ထဲကလက်ထောက်နဲ့ရုံးမှာတိတ်တဆိတ်တွေ့ဆုံခဲ့တယ် ။ လူအများစုက
ရိပေါ်အနားမှာအချိန်ပြည့်ရှိနေတဲ့လက်ထောက်ယန်းကိုသာသိကြပြီး ဝှက်ဖဲဖြစ်တဲ့ လက်ထောက်အန်း ကိုမသိကျ ။ လက်ထောက်အန်းအတွက် နံမည်ပြလုပ်ငန်းတစ်ခုနဲ့ စီးပွားစျေးကွက်ထဲသူလျှိုအဖြစ်ထားခဲ့တယ် ။ ယခုလက်ရှိပေးထားတဲ့တာဝန်ကတော့ ရှောင်းကျန့်မိသားစုအတွက်ပဲပေါ့ ။

"လုပ်ငန်းက အင်အားပြတာများလို့ ချိနေပြီထင်ရ ပေမဲ့အခြေခိုင်တဲ့မြှုပ်နှံမှုတွေရှိတယ် ဆရာ ၊ ယိုင်လာတာက ငွေမဲလိုဖဲ့ထုတ်ခံနေရတာကြောင့်
လို့ကျွန်တော်ထင်တယ် "

"အဲ့လုပ်ငန်းအတွင်းမှာ လုပ်ငန်းရဲ့အဓိကပိုင်ရှင်က ဘယ်သူဆိုတာသိကြလား? "

"သခင်လေးရှောင်းကို အမှတ်တမဲ့တောင်မသိကြဘူးဆရာ ၊ ကျွန်တော်ဒီတစ်ခေါက်တွေ့ဆုံတော့ သူတို့ကဒီလုပ်ငန်းကိုဖျက်ဆီးပစ်တော့မဲ့အလားအလာမှာရှိတယ် ဒီလုပ်ငန်းနံမည်ဗန်းပြပြီး အကျိုးတူပူးပေါင်းဖို့ဝင်လာသမျှကိုတော့နောက်ကွယ်ကလုပ်ငန်းသစ်အတွက် ဆွဲဆောင်နေတာ ၊  သူတို့မဖယ်နိုင်တာ ရှန်းကျောက်မျက်ရတနာဘက်ပဲရှိသေးတယ် ကုန်ကြမ်းအရင်းအမြစ်ထုတ်တဲ့နေရာကစပြီး သူတို့လက်အောက်မခံကြပုံပဲ "

"အခုပူးပေါင်းမှုအတွက်သူတို့ဘယ်လောက်ငွေချခိုင်းလဲ "

"(****)ပါ "

"ပေးလိုက် ပြီးရင်အဲ့နယ်ဘက်မှာပဲ လင်မယားနှစ်ယောက်ကိုချုပ်ထားပေး ၊ ရှောင်းကျန့်ကိုငါ့ဆီဘာလို့ပို့ထားသလဲဆိုတာမသိရသေးပေမဲ့ တစ်ခုခုတော့စီစဥ်ထားတာသေချာတယ် "

"ငွေကသိပ်များလွန်းတယ် ဆရာ "

"လက်ဖွဲ့ငွေလို့တွေးရင်ပမွှားလေးပါ ငါ့စာရင်းထဲကပဲထုတ်လိုက် အရေးကြီးတာက သူတို့အခု
ဘာဆက်လုပ်မလဲဆိုတာရယ် အဲ့ဆက်လုပ်မဲ့အစီအစဥ်ကိုမင်းရအောင်ပါဖို့ရယ် "

" ဟုတ်ကဲ့ဆရာ အမှားအယွင်းမရှိစေရပါဘူး "

နာရီကိုငုံ့ကြည့်တော့ရှောင်းလုံးပေါင်းကိုသိပ်ရမဲ့အချိန် ။ ခုနကပဲမုန့်စားချင်တယ်ဆိုလို့လူတောတိုးရဲအောင်အဖော်ထည့်ပေးပြီးသွားဝယ်ခိုင်းလိုက်တာအခုထိပေါ်မလာသေး ။ ရိပေါ်ချက်ချင်းပဲ ပါသွားတဲ့သက်တော်စောင့်ကိုဖုန်းထိုးလိုက်တယ် ။

-BOYS-Where stories live. Discover now