"ကျွန်တော်တကယ်မသိဘူး ပါး ၊ အိမ်လည်းမပြန်ချင်ဘူး "
"Cai Ding ငါစကားအပိုမပြောဘူးနော် "
"ဟား ကျွန်တော်သူ့ရည်းစားကိုတောင်မသိတာ ၊ ခိုးပြေးတဲ့ကိစ္စဘယ်ကနေအမှုပတ်သွားတာလဲဗျာ ၊ တစ်နေ့လုံးလည်းရှင်းပြနေတာကိုမယုံပေးနိုင်ဘူးလား "
"မင်းရောက်လာပြီးမှဒါဖြစ်တာ ၊ သခင်လေးကသူ့ဘာသူပုန်ကန်ရဲမဲ့ကလေးမဟုတ်ဘူး "
"ကျွန်တော်တို့သားအဖအရင်းမှဟုတ်ရဲ့လား "
ပါးပြင်ပေါ်ရောက်လာတဲ့လက်သီးကိုကျိတ်ခံရင်း Cai Ding ရယ်လိုက်တယ် ။
"အမေ့ဗိုက်ထဲဘာစိတ်ကူးနဲ့ဝင်ခဲ့မိလဲတောင်မသိဘူး "
"အပိုစကားတွေငါမကြားချင်ဘူး ၊ မနက်အိမ်ရောက်လို့ သခင်ကြီးနဲ့တွေ့ရင်မင်းအကုန်ဝန်ခံတာပဲ မြင်ချင်တယ် "
Cai Ding ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ် ။ ဒီကနေဆက်လိုက်သွားရင် ရှောင်းသခင်ကြီးရဲ့စံအိမ်ကြီးကိုနာရီအနည်းငယ်အတွင်းရောက်သွားမှာ ။ ရှောင်းကျန့်ဘာလုပ်သွားတယ်ဆိုတာကိုသူတကယ်မသိဘူး ။ ရှောင်းကျန့်သာပြန်မလာခဲ့ရင်သူလှောင်ပိတ်ခံထားရမှာမလွဲဧကံ ။
မှောင်ရိပ်ပျိုးလာပြီမို့ ဖခင်ဖြစ်သူကခရီးဆက်မသွားဘဲမြို့ထဲကရုံးနဲ့ချိတ်ကာတစ်ညတည်းခိုဖို့ပြင်တယ် ။ အဖေဖုန်းဆက်နေတုန်း Cai Ding ကားမှန်ကနေခေါင်းထုတ်ကာ အသက်ဝဝရှုလိုက်တယ် ။ မနက်ထဲကရှောင်းကျန့်ပြန်ပါမလာတော့ဘဲ Cai Ding သာ ကြံရာပါ ၊ ကြိုးကိုင်သူအဖြစ်အဖေ့ဆီကကြိမ်းမောင်းခံနေရတာ ။ မြို့မှာ
ဖင်တောင်မပူသေး သည်နေရာကို ပြန်ဆွဲခေါ်လာရပြန်တယ် ။"ဝီး"
တံတားပေါ် ဆိုင်ကယ်သံမိုင်ကုန်အော်အောင်
တဝီးဝီးနဲ့ဖြတ်မောင်းနေတဲ့လူငယ်အုပ်စုကိုသူမျက်ခုံးကျုံ့ကာကြည့်လိုက်တယ် ။ အလုံပိတ်ထားတဲ့မျက်နှာတွေ မမြင်ရပေမဲ့ အလယ်ကလူရဲ့ လည်တိုင်ဖြူစွတ်စွတ်ပေါ်က တက်တူးကိုမြင်တာနဲ့ သူ့ကျောပြင်ဟာမတ်ခနဲ ။ငါ့ကိုလုပ်သွားတဲ့ ခွေးသားလေးပဲ ။ တစ်ဖက်က ကောင်ကလည်း Cai Ding ကိုမြင်သွားတာသေချာတယ် ။ မျက်နှာကိုမမြင်ရသည့်တိုင်
စက်အရှိန်လျှော့ပြီး Cai Ding ဘက် လှည့်လာတာအသေအချာ ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.