မိဘတွေပြန်ရောက်နေတယ်ကြားတာနဲ့ရိပေါ်မသိမသာဧည့်သည်သွားလုပ်လိုက်တယ် ။ ပျော်နေပုံရတဲ့မျက်နှာတွေကို မခို့တရို့ပြုံးကြည့်ရင်း ရှောင်းကျန့်အလုပ်အကြောင်းပြောပြပေမဲ့စိတ်ဝင်စားပုံမရှိ ။ သားဖြစ်သူကို ချီးကျူးပေးတဲ့အခါမျက်နှာပျက်ချင်တာကြောင့်သူ့သံသယတွေကပိုပိုစစ်မှန်လာတယ် ။ မိထွေးဖြစ်သူထက်ဖအေအရင်းကပိုဆိုးနေတာပဲ ။
"ဒီနေ့အလုပ်ပိတ်ရက်ပေမဲ့ သူ့ကိုခိုင်းချင်တာလေးတွေရှိလို့ ခေါ်သွားလို့ရမလား? သင်တာ ထက် လက်တွေ့ခိုင်းတာကသူ့ကိုပိုတတ်ကျွမ်းစေတယ်လေ "
"ခေါ်တာကခေါ်လို့ရပါတယ် ဒေါ်ဒေါ်တို့ကလည်းအိမ်မှာသိပ်မနေရတော့လက်ထဲပစ်ထည့်ထားရသလိုဖြစ်နေတာကိုအားနာတာပါ ၊ ဒါပေမဲ့ဒီကလေးက အတော်ပျင်းတယ်အိမ်မှာလိုလေသေးမရှိနေရတော့အလုပ်လုပ်ရတာများသူ့အတွက်ပင်ပန်းမလားလို့ "
"ရှောင်းကျန့်အရမ်းပျော်ပါတယ် ရှောင်းကျန့်စိတ်ဝင်စားတယ် ရှောင်းကျန့်ပိုက်ဆံလည်းရှာနိုင်ခဲ့တယ် "
အကျည်းတန်သွားတဲ့ရုပ်တွေကိုစိတ်ထဲကလှောင်ရင်း ဂုဏ်ယူဝင့်ကြွားနေနဲ့မျက်နှာလေးကိုတော့သူမြတ်နိုးမဝငေးမိတာပါပဲ ။
"ရှောင်းကျန့်အဲ့ဒါဆိုကိုယ်နဲ့လိုက်ခဲ့ "
ရှောင်းကျန့်ကသူ့ဘေးကပ်လာရင်းလက်မောင်းက်ုမှီတွယ်ချိတ်ဆွဲဖို့ယောင်ယမ်းပြီးမှ မသိမသာလေးနောက်ယို့သွားရှာတယ် ။
"အဲ့ဒါဆိုသွားကြမယ်လေ သူဌေးမင်း "
မျက်စမျက်ရိပ်နဲ့ကြည့်ပေးလိုက်တော့လျှာလေးတစ်လစ်ထုတ်ရင်းပြောင်စပ်စပ်နဲ့ခေါင်းငုံ့သွားတဲ့ရှောင်းလုံးပေါင်းကသူ့ကိုသေအောင်သတ်နေတာပဲ ။ အပြင်ပိုင်းမှာတော့ရိပေါ်ကမတရားသိမ်းပိုက်ချည်နှောင်ထားတယ်လို့လူတွေမြင်လောက်ပေမဲ့ ဒီရှောင်းလုံးပေါ်လူမမြင်အောင် တုပ်နှောင်နေသမျှတော့ ရိပေါ်တစ်ယောက်သာကျပ်ကျပ်တည်းတည်းခံစားနေရတာဖြစ်၏ ။
သားရဲအိမ်ထဲကမင်းသားငယ်လေးကိုကယ်တင်ခဲ့ရတဲ့ငယ်ကျွန်ကြီးကျွန်တော်ပါပဲ ။

YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.