ရှောင်းကျန့်ရဲ့အကျပ်ရိုက်နေတဲ့မျက်နှာလေးကို လက်နဲ့ပင့်ညှစ်ထားရင်း ရိပေါ်က အနိုင်ကျင့်ရတာကိုအရသာတွေ့နေပါတယ် ။
"ဖြေကွာ "
"လန့်လိုက်တာနော် ညင်ညင်သာသာပြောပါကိုကိုရယ် ၊ ရှောင်းကျန့်စဥ်းစားနေပါတယ် "
"ခေါင်းလေးကဟုတ်တာပဲစဥ်းစားနော် ကိုယ်ချီးကျူးချင်တယ် "
ရှောင်းကျန့်ကို နင့်နင့်နဲနဲစိုက်ကြည့်ရင်း နွေး
ထွေးတဲ့အသံလေးနဲ့ပြောလာတော့ရှောင်းကျန့်ရင်ထဲတစ်မျိုးလေးပဲ ။ရှက်လည်း ရှက်သည် ။"ဖြေလေကွာ ကိုယ့်ကိုချစ်နိုင်ဖို့အဲ့သလောက်
ခက်လား ဘေးဘေ? ""အယ် ဘေး... ဘေးဘေတဲ့လား "
"ဒါပေါ့ ချစ်တဲ့သူအတွက်တော့ အသက်အရွယ်ကအရေးမကြီးဘူး အိုမင်းသွားတဲ့အထိ ကလေးလေးပဲ ဖြစ်နေမှာ ၊ မင်းပြောကြည့် ကိုယ့်ရဲ့လိမ္မာတဲ့ကလေးလေးမလုပ်ချင်ဘူးလား "
"ရှောင်းကျန့်ကလေ ရည်းစားဖြစ်ရင်
ဘာဆက်လုပ်ရမလဲမသိဘူးကိုကိုရဲ့ ""ဒါကလွယ်လွယ်လေးပဲလေ... ကိုယ့်ရဲ့ကလေးလေးပဲလုပ်ပေါ့ ဘာခက်သလဲ "
"ရည်းစားတွေကလမ်းခွဲပြီးရင် သူစိမ်းဖြစ်သွားတယ်တဲ့ ကိုကိုနဲ့ရှောင်းကျန့်နဲ့ရည်းစားအဖြစ်ကပြတ်သွားရင်ကော သူစိမ်းဖြစ်သွားမှာလား ၊ သူငယ်ချင်းတောင်မဟုတ်တော့တဲ့ သူစိမ်းတွေလိုမျိုး "
"ဘယ်သူသင်ပေးတာလဲ ဒါမျိုးက "
"ညီမလေး "
"ကိုယ်နားလည်ပြီ ၊ မင်းအတွက်ခက်ခဲမယ်ဆိုတာကိုယ်နားလည်တယ် ဘာမှအစမပျိုးဘဲထိုးသွင်း... ကိုယ်ပြောတာက ရှုပ်ထွေးတဲ့ဆက်ဆံရေးကြားထိုးသွင်း.... shit ! မင်းနဲ့မရင်းနှီးတဲ့ Relationship ဘဝထဲဆွဲခေါ်ချင်တာဆိုတော့ မင်းဘာမှတွေးနိုင်မှာမဟုတ်ဘူး "
"ဟုတ်တယ်ကိုကို အခုကိုကိုခြိမ်းခြောက်နေလို့တွေးနေရပေမဲ့ ဘာတွေးရမယ်တောင်မသိတော့ဘူး "
"ထိုင်လိုက် "
"ဟုတ် "
"အဲ့ဒါကဒူးထောက်တာ အဲ့လိုမထိုင်နဲ့ခြေထောက်ကျဥ်မယ် "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.