-9-

7K 896 101
                                    

တိတ်ဆိတ်နေခဲ့တဲ့အချိန်အတွင်းရိပေါ်အလုပ်က စက္ကန့်ပြိုသံတွေကိုရေတွက်ဖို့ပါပဲ ။

"ရှောင်းကျန့်လေး "

"ရှောင်းကျန့်ကို ဒီလိုပဲခင်လို့သူငယ်ချင်းလုပ်တယ်ထင်နေတာ "

"ချစ်သူရည်းစားယောကျာ်းဆိုတာဘဝရဲ့အကောင်းဆုံးမိတ်ဆွေပဲလေ မင်းရဲ့ "

ရှောင်းကျန့်ခေါင်းငုံ့သွားတယ် ။

"မေမေလည်းအဲ့လိုပြောဖူးတာပဲ ၊ အခုတော့ ... "

မေမေအိပ်ပျော်နေခဲ့တာ နှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ ။ ရှောင်းကျန့်အရွယ်ရောက်တဲ့အထိ မေမေကနေ့တိုင်း၊ ညတိုင်းဖေဖေ့ကြောင့်ငိုခဲ့ရတယ် ။ မေမေကဖေဖေ့ကိုယောကျာ်းလို့ခေါ်တယ် ။ ဖေဖေကတော့.... ခါးပါတ်တစ်ချောင်းနဲ့ အပျက်မဆိုတဲ့စကားလုံးသာပြန်လည်တုံ့ပြန်ခဲ့
စမြဲ ။ ဒါ့ကြောင့်ဒီစကားကို ရှောင်းကျန့်မယုံပါ ။

"ဒီခေါင်းသေးသေးလေးက ဘာတွေအရမ်းတွေးနေရသလဲကွယ်.. ဟင်? "

"မာမားက ပါပါးကိုယောကျာ်းလို့ခေါ်တယ် ၊ မေမေကြီးကလည်း ပါပါးကိုယောကျာ်းလို့ခေါ်တယ်....  ဒါပေမဲ့ အမြဲနာကျင်စရာဆက်ဆံရေးတွေပဲလေ ကိုကို "

"အဲ့ဒါဆို ဒီအတိုင်းကိုကိုပဲခေါ်ပြီး ချစ်သူတော်ကြမယ်လေ ၊ ကိုယ့်ကိုမချစ်ဘူးလား "

"ရှောင်းကျန့်ကိုကို့ကိုခင်တယ်လေ ၊ အဲ့ဒါချစ်သူတော်မှဖြစ်မှာလား "

"ယောကျာ်းလေးသူငယ်ချင်းတွေက ဒီလောက်တယုတယချစ်နေပါ့မလား မင်းရဲ့ ၊ ကိုယ်ဒီလောက်ချစ်နေတာမမြင်ဘူးလား အမြဲမင်းနဲ့အတူရှိနေပေးတယ် ၊ မင်းပျော်ရွှင်မှုကိုလိုလားတယ်... ကိုယ်ဘာများမကောင်းလို့လဲ? "

"ကြက်ပေါင်လည်း ရှောင်းကျန့်ကိုဂရုစိုက်ပါတယ်နော် "

"ကိုယ့်ကိုခွေးနဲ့ယှဥ်နေတာလားကွာ "

ဘဝမှာတစ်စုံတစ်ယောက်ကိုသည်မျှသည်းခံပြီး ချော့မော့မပြောဖူးပေမဲ့ ရှောင်းကျန့်ကိုတော့မဟာတံတိုင်းလောက်ရှည်တဲ့စိတ်နဲ့ချော့ချင်တယ် ။

"နှစ်ကောင်လုံး..နှစ်ယောက်လုံးက ရှောင်းကျန့်ချစ်တဲ့သူတွေပဲလေ ၊ထည့်တွက်ရတာပေါ့ ပြီးတော့ကိုကိုကလည်း ရှောင်းကျန့်ကိုခင်လို့အဖော်ပြုပေးမယ်ပဲပြောခဲ့တာကို အခုကျမှအဖော်ပြုပေးလို့ချစ်သူတော်ဆိုပြီးပြောနေတော့ ရှောင်းကျန့်အတွက်ရုတ်တရတ်ကြီးဖြစ်နေတယ်"

-BOYS-Where stories live. Discover now